Arc.1.10
6.5K 872 17
စုမင်ဟွားသည် နန်းတွင်ရေးရာ အတိုက်အခိုက်များကြားတွင် ညှပ်နေခဲ့ရသဖြင့် တချိန်က လွတ်လပ်မှုကို ပြန်တမ်းတမိလေသည် ။ အထူးသဖြင့် ရှဝေ့ယိသည် ရာထူးကျသွားပြီးနောက် အရင်က အင်အားလိုမရှိတော့ဘဲ ကြိုးစားအားထုတ်မှု နှစ်ဆ လိုလာပြီး သူမအား ဂရုမစိုက်နိုင်ဘဲ မအားမလပ် ဖြစ်နေသည့် အချိန်တွင်ပင် ။
" ရှောင်ဟွား .. ကိုယ် သူမကို မကြိုက်ပါဘူး .. ဒါပေမဲ့ .." ရှဝေ့ယိက စုမင်ဟွားရဲ့ ‌ဆံနွယ်လေးကို အသာသပ်တင်ပေးလိုက်ကာ " ဒါပေမဲ့.. ကိုယ်သူ့ကို လက်မထပ်ရင် အမတ်ကြီးရန် က ညီလာခံမှာ ကိုယ့်ကို ထောက်ခံပေးမှာ မဟုတ်ဘူး .."
" ဟမ့်.. ရှင်လည်း အခြားယောကျာ်းလေး‌တွေနဲ့ ဘာမှ မကွာပါဘူးလား .. အာဏာတွေနဲ့ မိန်းမ တစ်ယောက်နဲ့ဆိုရင် အာဏာကို ရွေးချယ်မဲ့ လူစားမျိုး .."စုမင်ဟွားက ရှဝေ့ယိရဲ့ လက်ကို ရိုက်ထုတ်လိုက်ကာ အော်ဟစ်လိုက်သည် ။ သူမသည် အဘယ့်ကြောင့် ဒီလို လူစားမျိုးကို ရွေးချယ်ခဲ့မိမှန်း ပြန်တွေးမိသည် ။ သူမတို့ ကျော်ဖြတ်ခဲ့ရသည့် သေရေးရှင်ရေး အတွေ့အကြုံက မလုံလောက်သေးလို့ ဒီလူက သူမကို အချစ်နဲ့ အာရုံ စိုက်မှု အားလုံးကို မပေးနိုင်သေးတာလား ။
ရှဝေ့ယိ သည် အရင်ချိန်များတွင် ဆိုလျှင် စုမင်ဟွား အား အသဲအသန် နှစ်သိမ့်ပေးမည် ဖြစ်သော်လည်း ယခုချိန်တွင် စိတ်အခြေအနေသည် အလွန်အဆင်မပြေဖြစ်နေလေသည်။ အကြောင်းမှာ ရှန်ဝမ် ပြန်လာပြီ ဆိုသည့် သတင်းသည် သူ့အား စားမဝင်အိပ်မပျော်အောင် ပြုလုပ်နေခဲ့ခြင်းကြောင့်ပင် ။
ထို ရှန်ဝမ်သည် မင်းသားရာထူး အပ်နှင်းခံရပြီးကတည်းက နန်းတွင်းအရေးကို လစ်လျုရှုကာ စစ်ရေးကိုသာ အာရုံစိုက်ခဲ့သဖြင့် မင်းသားများ၏ အာရုံကို သိပ်မဖမ်းစားနိုင်ခဲ့တော့ပေ ။သူတို့သည် ငယ်စဉ်ကတည်းက အင်အားစုများကို နောက်ခံထားခဲ့သဖြင့် နောက်ခံမရှိသည့် ထိုရှန်ဝမ် က ငါးနှစ်အတွင်း ဤကဲ့သို့ အောင်မြင်မှုမျိုး ရအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ ။
နှစ်နှစ်အတွင်း ကိုယ်ပိုင်စစ်တပ်ကို ထူထောင်နိုင်ခဲ့ကာ ကျန်သုံးနှစ်ကို နယ်မြေတိုင်းဆီသို့ ခြေဆန့်ခဲ့သည် ။ ထိုသူရဲ့ အောင်မြင်မှုများသည် မင်းသားတိုင်းရဲ့ စားပွဲပေါ်တွင် အစီရင်ခံစာ အပုံလိုက်အဖြစ်ရောက်ရှိနေခဲ့သော်လည်း အာရုံစိုက်ခြင်း မခံရဘဲ လစ်လျုရှုထားခံခဲ့ရသည် ။