Arc.5.18
3.5K 596 37
အိမ်တော်ထဲရှိ ချိုမြိန်သည့် အငွေ့အသက်နဲ့ မဆိုင်စွာ မြို့တော်ရှိ လေထုမှာ အလွန်လေးလံနေပြီး အချိန်မရွေး ‌ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးတစ်ခုလိုပင် ။ ထိုလေးလံသည့် လေထုသည် ဝမ်ရယ်အိမ်တော်ကိုပင် ကူးစက်သွားလေသည် ။
" ဝမ်ရယ်!!! အိမ်တော်အပြင်ဘက်မှာ .. တော်ဝင်ရဲမက်တွေ ဝိုင်းထားကြတယ် ..." အစောင့်၏ သတင်းပေးပို့ချက်နဲ့ တပြိုင်နက် အပြင်ဘက်တွင် ဟိတ်ဟန်ကြီးမားသည့် အသံက ထွက်ပေါ်လာသည် ။
" ချီဝမ်ရယ် အန်းဇယ်ရီ .. သင့်ကို ပုန်ကန်မှုပြုလုပ်တဲ့အတွက် ရှင်းလင်းပစ်ရမယ်လို့ အမိန့်ချလိုက်တယ် .."
" အိမ်တော်ထဲက တစ်ယောက်မှ မလွှတ်စေနဲ့ .. သတ်ကြ!!!! " သူက စစ်တပ်နဲ့ မဆက်သွယ်နိုင်အောင် တားဆီးထားတာတောင် ရုပ်သေးဘုရင် မဟုတ်သည့် ဧကရာဇ်တွင် ဒီလို တောင့်တင်းသည့် အင်အားရှိနေသည်ကို မအံ့ဩတော့ပေ ။
" ကြင်ယာတော် ကို ကာကွယ်လိုက်ကြ !! " အနက်ရောင်ဝတ်လူများသည် ရုတ်တရက်ပေါ်လာကာ လင်းယွီ့၏ ပတ်လည်တွင် ရပ်တန့်လိုက်သည် ။ လင်းယွီ့က အန်းဇယ်ရီအား တစ်ချက်ကြည့်လိုက်ပြီး ဓားကို အေးစက်သည့် အမှုအရာဖြင့် ဆွဲထုတ်လိုက်သည် ။ " ငါက စစ်သူကြီးတစ်ယောက် .."
လင်းယွီ့က ဒီလိုအချိန်တွင်ပင် သူ့စစ်တပ်ကို ဆင့်ခေါ်ခဲ့ခြင်းမရှိပေ ။ အကြောင်းမှာ သူက ပုန်ကန်မှုတွင်ပါဝင်နေသောကြောင့်ပင် ။ အန်းဇယ်ရီက ပုန်ကန်ချင်ပါက သူက ထိုသူနဲ့အတူ လိုက်ပါမည်ဖြစ်သော်လည်း သူ့ရဲ့ စစ်သည်များကို ဆွဲထည့်မည်မဟုတ်ပေ ။
" ဒါဆို.. ခြစ်ရာ‌သေးသေးလေးတောင် မရစေနဲ့နော် ..." အန်းဇယ်ရီက အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး လင်းယွီ၏ ပါးပြင်အား ဖျစ်ညစ်လိုက်ပြီး ပြောလိုက်သည် ။ ဒီပုန်ကန်သည့်အမှုကြီးကို ကျုးလွန်ထားသည့် သူက ဘာစိုးရိမ်မှုမှ မရှိဘဲ အပှုအပင်မဲ့နေသည့် ပုံစံက လူတိုင်းကို အတော်လေး ဆွံ့အစေသည် ။ ထိုလူက အီစီကလီပင် ရိုက်နိုင်သေးသည်...
/ စစ်ဆေးချက်!! အားလုံးပေါင်း 1240 ယောက် .. အိမ်တော် အရှေ့မှာ ရဲမက်ငါးရာ .. ခေါင်မိုးပေါ်မှာ လေးစစ်သည် နှစ်ရာ နောက်ဖေးမှာ သုံးရာ ..၊ ကျန်တာတွေက အရိပ်တွေထဲမှာ ပုန်းနေတဲ့ လုပ်ကြံသူတွေ /