Arc.2.20 End
6.9K 809 75
ကျွီ!!!!!
လုဖုန်း၏ ကားသည် ဟန်ယူနဲ့ အကွာအဝေး အနည်းငယ်တွင် ရပ်တန့်သွားခဲ့သည် ။ သူက ကားတံခါးအား ကန်ဖွင့်ကာ ချက်ချင်းထွက်လာခဲ့ပြီး ဟန်ယူ၏ အငှားလူမိုက်များအား သေနတ်ဖြင့် ပစ်လိုက်သည် ။
ကျည်ကုန်သွားသည့် အချိန်တွင် လုဖုန်းက လက်ကိုခါလိုက်ရင်း စိတ်ပျက်စွာ ငြီးငြူလိုက်သည် ။ " ကျစ်... တစ်ယောက်ကို သုံးချက်နှုန်းတောင်လား .. ငါ့စွမ်းရည်တွေက ဘယ်တော့ ပြန်ရမှာလဲကွာ . "
ဟန်ယူသည် တဖြည်းဖြည်းနီးလာသည့် လုဖုန်းအား ကြည့်ရင်း သေနတ်ကိုင်ထားသည့်လက်သည် တုန်ယင်လာခဲ့သည် ။
ထိုအချိန်တွင် ချင်ယွင်ချီ သည် လျက်တပြက်နောက်ဆုတ်လိုက်ကာ ဟန်ယူ၏ လက်ကောက်ဝတ်အား ကန်လိုက်သဖြင့် သေနတ်သည် အဝေးသို့လွင့်ထွက်သွားခဲ့သည် ။ ဟန်ယူက သူ၏ တစ်ခုတည်းသော အားကိုးရာဖြစ်သည့် သေနတ်သည် လွင့်ထွက်သွားသဖြင့် လန်ဖြတ်သွားခဲ့သည် ။ သူက ချင်ယွင်ချီ သည် ဘာကြောင့် ပြန်မခုခံဘဲ အေးအေးဆေးဆေးလိုက်လာသည့် အကြောင်းကို မတွေးမိခဲ့ပေ ။ " ဘာလို့... ဘာလို့လဲ "
ချင်ယွင်ချီ က ဟန်ယူအား တစ်ချက်ကန်လိုက်သည်နှင့် အားနည်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဟန်ယူသည် လှဲကျသွားခဲ့သည် ။ သူက မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး ဟန်ယူ၏ အင်္ကျီအား ဆုပ်ကိုင်လိုက်ကာ အနားနားကပ်ပြောလိုက်သည် ။ " ဘာလို့ဆို .. ငါလည်း သိချင်လို့လေ " အံ့ဩနေသည့် ဟန်ယူ၏ မျက်နှာ ကို အသာပုတ်လိုက်ကာ လုဖုန်းအား လှမ်းကြည့်လိုက်ပြီး ဟန်ယူအား ပြုံးကာ ပြောလိုက်သည်။
" အဖြေက အရမ်းကျေနပ်စရာကောင်းလွန်းတယ် "
ဟန်ယူ၏ မျက်နှာက ဖြူဆုတ်သွားသည်။ သူက လုဖုန်း၏ ရင်ခွင်ထဲသို့ တန်းဝင်သွားသော ချင်ယွင်ချီ အား ကြည့်ရင်း ‌နောင်တရနေသည့် အမှုအရာပေါ်လာခဲ့သည် ။ သူက အခွင့်အရေး ရခဲ့ကတည်းက ဒီအေးစက်နေသည့် နှလုံးသားနဲ့ လူရဲ့ အဝေးကို ထွက်ပြေးခဲ့သင့်သည်။ သူက နောက်တစ်ခါ ထပ်ပြီး ဒီလူကို မရွေးချယ်ခဲ့သင့်ဘူး ။
သူ့ကိုယ်သူ ထူးခြားတယ်လို့ ထင်မှတ်ပြီး ဒီလူတွေကို နိုင်မယ်လို့ မတွေးခဲ့သင့်ဘူး ။ ဘယ်လောက်ဘဲ ပြန်မွေးဖွားလာခဲ့တယ်ဆိုဆို နှစ်ဘဝလုံး သူ့မှာ ဘာအတွေ့အကြုံမှ မရှိခဲ့ဘူး ။ ဝေးနိုင်သမျှ ဝေးဝေးကို ပြေးခဲ့သင့်တာ .. ။