Arc.1.3
11.2K 1.3K 23
ရှန်ယိ က သူ့ခါးမှ ဓားတို အား လက်လှမ်းလိုက်မိသည် ။ အကယ်၍ ဒီလူက သူ့အား သတ်ချင်နေလျှင် မလွှတ်မြောက်နိုင်ပါက သူက ဤလူအား အပါခေါ်သွားရလိမ့်မည် ။
ရှောက်ရွမ်းရီ သည် ရှန်ယိ၏ လှုပ်ရှားမှုကို ကြည့်ရင်း သဘောတကျပြုံးလိုက်ကာ " မင်းက ဒီဘုရင်ကို သတ်ချင်နေတာလား .. " ခြေဗလာ ဖြစ်နေသည့် ခြေထောက်တို့ဖြင့် ထိုသူသည် ရှန်ယိ ထံသို့ လှမ်းလာခဲ့သည် ။ ဒူးထောက်နေခဲ့သည် ရှန်ယိအား လက်နှစ်ဖက်ကို အနှောက်ပစ်လျက် ငုံ့ကြည့်လိုက်ပြီး မျက်နှာခြင်းဆိုင် ထိုင်ချလိုက်သည် ။
သူ့အပြုအမှုများသည် အပြစ်ကင်းစင်နေပုံရပြီး လှုပ်ရှားမှုတိုင်းသည် ပန်းချီကား တစ်ချပ်အလား လှပနေခဲ့သည် ။
ရှန်ယိ က ဓားကို ထုတ်လိုက်ကာ အမှုအရာတစ်ချက်မပျက်ဘဲ လိမ်လိုက်လေသည် ။ " ကိုယ့်ဘာသာ သတ်သေမလို့ .."
သူ့စကားကြောင့် တစ်ချက်ကြောင်သွားသည့် အမျိုးသားသည် သတိဝင်လာသည်နဲ့ အော်ရယ်လိုက်တော့သည် ။ ထိုသူက ရှန်ယိအား  လက်ညိုးထိုးလာသော်လည်း ဘာမှမပြောခဲ့ဘဲ ရယ်မောနေသည် ။
" အရှင်မင်းကြီး !!! ကွေ့ဖေး ကို ခေါ်ဆောင်လာပါပြီ " အပြင်ဘက်မှ စူးရှသည့် အသံကြောင့်
ရှောက်ရွမ်းရီ သည် ဝတ်ရုံလက်စကို တစ်ချက်ခါလိုက်ကာ " ကောင်းပြီ.. မင်းကို အပြစ်ပေးမယ် .. အခုကစပြီး ကိုယ်တော့်ရဲ့ အနီးကပ် ကိုယ်ရံတော် အဖြစ် ရာထူးချလိုက်ပြီ .. "
" အမိန့်အတိုင်းပါ .." ရှန်ယိ က ပြောပြီးနောက် အမှောင်ကျသည့် တစ်နေရာသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည် ။ ရှန်ယိ ပျောက်သွားသည်နဲ့ မိန်းမစိုးသည် မိန်းမလှလေး တစ်ဦးနဲ့ အတူ အခန်းတွင်းသို့ ဝင်လာခဲ့သည် ။
" ‌ကွေ့ဖေး က အရှင်မင်းကြီး ကို ဂါဝရ ပြုပါတယ် " ချိုသာ နူးညံ့သည့် အသံနဲ့အတူ မိန်းမဆန်သည့် ရနံ့သင်းသင်း က ထိုမိန်းကလေး ထံမှ ထွက်ပေါ်လာလေသည် ။ သူမသည် ရွမ်းရီ အား တစ်ချက်ခိုးကြည့်လိုက်ရင်း မျက်နှာများနီရဲလာကာ ရှက်သွေးဖြာသွားသည် ။
အရွယ်ရောက်အမျိုးသားတစ်ယောက်အနေဖြင့် ရှောက်ရွမ်းရီ သည် ၁၈ နှစ်သာ ရှိသေးသော်လည်း ရှည်လျားသည့် အရပ်နဲ့ အချိုးအဆစ် ကျလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည် ။ ယခုချိန်တွင် ယမကာ အနဲငယ် ဝင်ထားသဖြင့် နီရဲနေသည့် နူတ်ခမ်းတို့သည် မိန်းကလေးများ မနာလိုစရာကောင်းလောက်အောင်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည် ။ မျက်နှာဖုံးအောက်က ကျီစယ်သည့် အကြည့်တို့က သူမကို ထိုသူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားချင်သည့် စိတ်ကို ဖြစ်ပေါ်စေသည် ။