Arc.1.6
8.6K 1.1K 38
ရွမ်းရီ က သူ့ အဆောင်တော်ထဲတွင် တည်တင်းသည့် အမှုအရာဖြင့် ထိုင်နေခဲ့သည် ။ တမှုထူးခြားလှစွာ သူသည် ဘုရင့် ဝတ်ရုံတော်ကို မဝတ်ဆင်ထားခဲ့ဘဲ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားကာ အပြာရင့်ရောင် ဝတ်ရုံကို လွှမ်းခြုံထားခဲ့သည် ။
" မထွက်ခဲ့သေးဘူးလား ?? " အမှောင်ကျသည့် တောင့်တစ်နေရာကို ကြည့်လိုက်ကာ အေးစက်စွာ ရေရွတ်လိုက်သည် ။ ဒီလူက သူ နန်းဆောင်ပြန်ကတည်းက အနောက်က လိုက်လာခဲ့တာ မဟုတ်ပေဘူးလား ။
သို့သော် ထွက်ပေါ်လာသည့် သူကြောင့် ရွမ်းရီက အံ့အားသင့်သွားသည် ။ သူက လက်ဖက်ရည်ခွက်ကို အသာချလိုက်ကာ " တာရှန် မင်းသား ? သင်က ငါ့ကိုယ်တော်ရဲ့ အဆောင်တော်ထဲကို ခိုးဝင်ရဲတယ် "
ရှဝေ့ယိ ၏ ချောမောလှသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့ကာ ရွမ်းရီ အရှေ့သို့ ရောက်လာခဲ့သည် ။ သူက လျင်မြန်သည့် လှုပ်ရှားမှုကို ပြုလိုက်ကာ မျက်နှာဖုံးကို ယူရန် ပြင်လိုက်သည် ။ အလွယ်တကူ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူသည် ရွမ်းရီ ရဲ့ ကျွမ်းကျင်လှသည့် သိုင်းပညာကို မျက်မြင်တွေ့လိုက်ရ‌လေသည် ။
သူ့ မျက်ခုံးများက တွန့်ချိုးသွားကာ " မင်းက သိုင်းတတ်တယ် ? "
" ဟက်.. တာရှန် မင်းသား သင်က ရယ်စရာတွေ ပြောနေပြန်ပါပြီ .. ဘယ်ဘုရင်က သိုင်းပညာ မသင်ဖူးလို့လဲ " ရွမ်းရီ က စားပွဲအောက်တွင် ထားထားသည့် ဓားအား ဆွဲထုတ်လိုက်ကာ ရှဝေ့ယိ အား တိုက်ခိုက်လိုက်သည် ။
ရှဝေ့ယိ သည် တိုက်ခိုက်နေရင်းနဲ့ပင် အံ့အားသင့်လာရသည် ။ ဒီ ရုပ်သေးရုပ် ဟု သူထင်ထားသည့် ဘုရင်ငယ် ၏ သိုင်းပညာသည် သူနဲ့ပင် ယှဉ်နိုင်နေသည်။  သူ့ထံသို့ တိုးဝင်လာသည့် ဓားသွားအား ရိုက်ထုတ်လိုက်ကာ ရွမ်းရီ ၏ လည်ပင်းအား လက်စောင်းဖြင့် ရိုက်လိုက်သည် ။ ပြန်ခုခံသည့် သူကြောင့် နှစ်ယောက်လုံးသည် အတွင်းအား ပြိုင်တူ ထုတ်လိုက်မိကာ ပတ်ဝန်းကျင်က အရာ တော်တော်များများ ပျက်စီးသွားလေသည် ။
ကျယ်လောင်သည့် တိုက်ခိုက်သံကြောင့် ကင်းလှည့်နေသည့် စစ်သည်များသည် သတိထားမိသွားတော့သည် ။ ရှဝေ့ယိ က စစ်သည်တွေ လာနေပြီကို သတိထားမိကာ ချက်ချင်းပြနိဆုတ်ရန် ပြင်လိုက်သည် ။ ရွမ်းရီ သည် သူနဲ့ ယှဉ်တိုက်နိုင်သော်လည်း သူက ပြန်ဆုတ်ချင်လျှင် တားနိုင်မည်မဟုတ်ပေ ။