Arc.1.15
6K 857 28
ရှန်ယိ က ဝတ်ရုံအနက်ကို ပေါ့ပေါ့ပါးပါး ဝတ်ထားကာ အဆိပ်မိတာ သူမဟုတ်သည့်အလား သစ်ပင်တစ်ခုအား မှီလျက် လက်ပိုက်ကာ ရပ်နေခဲ့သည် ။ ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ထားကာ အလွန်တရာ မျက်မှောင်ကို အတင်းကြုတ်ထားခြင်းကြောင့် ထိုသူသည် တစ်ခုခုကို မကျေမနပ်ဖြစ်နေကြောင်း ပြောနိုင်လေသည် ။
သူက ခြေဖျားဖြင့် မြေကြီးကို ဖိနှင်းနေရင်း ခပ်လှမ်းလှမ်းတွင် ပေရှီးနဲ့ စစ်မက်ရေးရာ ဆွေးနွေးနေသည့် ရွမ်းရီကို လှမ်းကြည့်လိုက်သည် ။ အဆိပ်သောက်ပြီးသည့် နေ့ကတည်းက သူ့အား လက်ခံသည်လည်း မဟုတ် ငြင်းဆန်သည်လည်း မဟုတ် လုပ်နေသည့်လူကြောင့် လက်ရှိအခြေအနေအား မည်သို့ ခေါင်းစဉ်တပ်ရမလဲ မသိပေ ။ သေချာတာတော့ ရွမ်းရီက သူ့ကို အခုထိ စကားမပြောသေးဘူး ။
" ကိုယ်ရံတော်ရှန်!!! ကိုယ်ရံတော်ရှန်!!! "
သူ့မျက်နှာရှေ့တွင် လက်ကာပြကာ ခေါ်နေသည့်အသံကြောင့် အသိပြန်ဝင်လာလေသည် ။ ရွမ်းရီသည်တော့ အစောကြီးကတည်းက စစ်စခန်းသို့ ပြန်သွားခဲ့လေပြီ ။ သူက ပေရှီးအား ဘာလဲဆိုသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည် ။ သူနဲ့ ဒီလူနဲ့က ပြောစရာ စကားရှိလို့လား ... ။
" ကိုယ်ရံတော်ရှန်က .. တာရှန် ပြည်ကို တာဝန်ပေးခံထားရတာလို့ ကြားတယ်.. မင်ဟွားရဲ့ အခြေအနေလေး သိလို့ရမလား .. " သူ့မျက်ဝန်းထဲတွင် လွမ်းဆွတ်မှုတချို့ ဖြတ်ပြေးသွားလေသည် ။
ရှန်ယိက ပေရှီးအား ကြည့်ရင်း စုမင်ဟွား၏ အခြေအနေကို အပေါ်ယံ ပြောပြလိုက်သည် ။ ဒီဒုတိယဇာတ်လိုက်လေးသည် ဘာဆက်လုပ်မလဲ သူ့ဘာသာ ဆုံးဖြတ်လိမ့်မည် ။ ရွမ်းရီအား မထိမချင်း သူက ဝင်ပါမည် မဟုတ်ပေ ။
/ Host တာဝန်ရဲ့ ရည်ရွယ်ချက်ကနေ သွေဖယ်နေ‌ပါတယ် /
"" သိပါပြီ.. သိပါပြီ "" ရှန်ယိက စိတ်မပါစွာ ပြန်ပြောလိုက်သည် ။
သူက ပေရှီး၏ ပုခုံးအား နှစ်ချက်လောက်ပုတ်ပေးလိုက်ကာ သူငယ်ချင်းကဲ့သို့ အားပေးလိုက်ပြီး ထွက်လာခဲ့သည် ။ သူသည် အရင် က ပေရှီးအား လုပ်ကြံဖို့ ရေကုန်ရေခမ်း ကြိုးစားခဲ့သည်ဟု ပြောလျှင် မည်သူမှ ယုံမည် မဟုတ်ပေ ။