Arc.1.18
5.9K 857 44
သုံးရက်အတွင်း စစ်တပ်တွင် လေထုသည် အလွန်ပြင်းထန်နေသည် ။ ရှန်ယိ က ရှန်းမန် စစ်တပ်အပြင် ဟန်ယွဲ့ စစ်တပ်ကိုလည်း လေ့ကျင့်မှု များ ပြုလုပ်ပေးခဲ့သည် ။
ရှန်ယိ သည် အခြေအနေကို စစ်ဆေးနေသည့်အချိန်တွင် ရုတ်တရက် ထိုးအောင့်လာသည့် နှလုံးကြောင့် လမ်းလျှောက်နေရာမှ ရပ်လိုက်သည် ။ သူ့ထံသို့ အပြုံးနုနုဖြင့် လာနေသည့် ရွမ်းရီ ကို မြင်လိုက်သည့် အချိန်တွင် လက်နှောက်ပစ်ထားသည့် လက်ကို ခပ်တင်းတင်း ဆုပ်လိုက်မိသည် ။
ရွမ်းရီ ၏ အနောက်တွင် ပါလာသည့် ပေရှီးက ရှန်ယိအား အံ့ဩလေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သူ ကိုယ်ရံတော်ဟု ထင်ထားသည့် လူက ဒီလို အင်အားမျိုး ပိုင်ဆိုင်ထားမည်ဟု လုံးဝ မထင်ထားခဲ့ခြင်းပင် ။ ထိုအပြင် ချမှတ်ထားသည့် နည်းဗျုဟာများ နဲ့ လေ့ကျင့်မှုများကလည်း အံ့မခန်းဖြစ်နေသေးသည် ။
ရွမ်းရီ က ခေါင်းတစ်ချက်ညိတ့်လိုက်ရင်း လေ့ကျင်နေသည့် စစ်သည်များကို ကြည့်လိုက်သည် ။ " အဆင်ပြေရဲ့လား "
" အင်း... ဟန်ယွဲ့ စစ်သား‌တွေက တာရှန်လောက် အင်အားမသန်မာပေမဲ့ .. သိုင်းပညာ တော့ သာတယ်.. နည်းဗျုဟာ အရာမှရောဘဲ " ရှန်ယိက လေ့ကျင့်မှု ရလဒ်များကို ပြန်ပြောလိုက်သည် ။
" ကိုယ်တော် ပြောတာ .. မင်းရဲ့ အခြေအနေ "
သူ့အား ခေါင်းကို အသာငဲ့စောင်းကာ ပြောလာသည့် သူကြောင့် ရှန်ယိ က ခနမျှ ဆွံ့အသွားခဲ့ပြီးနောက် ခေါင်းညိတ်လိုက်သည် ။ ဆုပ်ထားသည့် လက်သီးမှာ အနည်းငယ် တုန်ယင်သွားခဲ့သည် ။
နှစ်နိုင်ငံ စစ်ပွဲသည် အလွန်ပြင်းထန်စွာ စတင်ခဲ့သည် ။ တဖက်မှ ဦးဆောင်သူသည် အံ့ဩစရာကောင်းစွာ ရှဝေ့ယိ ဖြစ်နေခဲ့သည် ။ လွန်ခဲ့သည့် ငါးနှစ်လုံး စောင့်ကြည့်နေခဲ့သဖြင့် ရှန်ယိက ရှဝေ့ယိ၏ အမှုအကျင့် စရိုက်နဲ့ လုပ်ပုံကိုင်ပုံ တို့ကို သိထားခဲ့ပြီး ဖြစ်သည်။  ရှန်ယိသည် ထိုသူအား အတွင်းသိ အဆင်းသိ ဖြစ်နေချိန်တွင် တခြားတစ်ယောက်သည်တော့ ရှန်ယိ အကြောင်း ဘာမှ မသိခဲ့ပေ ။ ထိုကွာဟဟချက်သည် ကြီးမား လှသဖြင့် တာရှန် စစ်တပ်သည် အတော်လေး အထိနာသွားခဲ့သည် ။