Arc.2.7
6.5K 901 86
ဘုတ်!!
" အာ... စွမ်းရည်တွေ ကန့်သတ်ထားခံရတာ .. တကယ်နေရခက်တာဘဲ .. " လုဖုန်းက သူခုန်ချခဲ့သည့် ခြံတံတိုင်းကို တချက်မော့ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည် ။ အရင်က ဒီအမြင့်က မပြောပလောက်သော်လည်း အခုချိန်တွင် သူသည် အလွန်မောပန်းနေလေသည် ။
" ဘယ်သူလဲ ?? " ခပ်ဆတ်ဆတ်အသံနဲ့အတူ လှုပ်ရှားသည့် အသံ‌များကြောင့် လုဖုန်းက ခေါင်းကို ကုတ်လိုက်ကာ ပြုံးလိုက်သည် ။
" ထပ်ပြီး.. ခများဘဲလား " ခြံစောင့်သည် လုဖုန်းအား ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည် ။ တစ်ပတ်အတွင်း ခြံကျော်နေတာ ရေတွက်လို့ပင် မရတော့ပေ ။ တခြားသူတွေ သိရင် သူက တာဝန်မကျေဘူး ဖြစ်ပြီး အပြစ်ပေးခံရမှာ စိုးရိမ်နေလို့ မဟုတ်ရင် ဒီလူကို ဆွဲပြီး သူဌေးနဲ့ ပေးတွေ့ပေးလိုက်တယ် ။
လုဖုန်းက ပြုံးနေသော်လည်း စိတ်ထဲတွင် အတော်လေးနေရခက်နေသည် ။ အစောင့် ထူထပ်သည့် နန်းတော်ထဲမှပင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့သည့်သူက ခြံစောင့် တစ်ယောက်၏ ဖမ်းမိခြင်းကို ခနခန ခံနေရသည်မလား။
" အဟမ်း.. ကိုယ်က ဟိုဘက်ခြံကနေ မတော်တဆ ပြုတ်ကျလာတာ " လုဖုန်း၏ အဓိပ္ပာယ် မရှိသည့် အကြောင်းပြချက်ကြောင့် အစောင့်က နှာခေါင်းရှုံလိုက်သည် ။' ဒီလောက်မြင့်တဲ့ တံတိုင်းပေါ်တက်ပြီး ခများက ဘာတွေများ တက်လုပ်နေတာတုန်း ။'
ထိုအတွေးအား လုဖုန်းသာ ကြားပါက ' မင်းတို့ သူဌေးကို ချောင်းနေတာလို့ ' အသေအချာပင် ပြန်ဖြေလိမ့်မည်။ 
ထုံးစံအတိုင်း အစောင့်က လုဖုန်းအား မောင်းထုတ်ရန် ပြင်လိုက်ချိန် ခပ်လှမ်းလှမ်းမှ တည်ငြိမ်သည့် ခြေသံနဲ့အတူ ခပ်ရှရှ အသံက ထွက်ပေါ်လာသည် ။
" ဘာတွေ ဖြစ်နေတာလဲ "
အစောင့်သည် တုန်လှုပ်သွားကာ လုဖုန်း၏ လက်မောင်းအား ဆွဲလိုက်ပြီး ဖမ်းဆီးထားသည့် ပုံစံလုပ်လိုက်သည် ။ သူက ချင်ယွင်ချီအား အလွန်ရိုသေသည့် အသံဖြင့်ပြောလိုက်သည် ။
" သူ..သူဌေး...ဒီလူက တံတိုင်းပေါ်က ပြုတ်ကျလာလို့ .. ဖမ်းထားတာပါ "