Arc.2.11
6.1K 861 29
" အဲ့တစ်ယောက်က ကျိုးမိသားစုရဲ့ မွေးစားသားလေ.. မွေးစားသားဆိုတဲ့အတိုင်းဘဲ..သားအရင်းနဲ့ ဘယ်တူမလဲ ကျိုးယဲ့ဟန်နဲ့ တခြားစီဘဲ..အသုံးမကျဘူး" မုရွယ်ချင်းက ထို‌ရှောင်း‌ယောင်း၏စကားကြောင့် လုဖုန်း၏ တည်ငြိမ်သည့် မျက်နှာထားကို ကြည့်လိုက်သည် ။ ဘယ်လိုဘဲကြည့်ကြည့် ထိုသူသည် တစ်စက်ကလေးမှ အသုံးမကျသည့် သူနဲ့ တူမနေပေ ။ ထိုသူအား ရန်စနေသည့် ယန်ချင်း သည် သူမ အပေါ်မရိုးမသား စိတ်ရှိနေခြင်းကြောင့် လုဖုန်းအား ပိုဆိုးသွားစေသည်ကို သိလိုက်သည် ။
" နင်စကားကို.. ဘယ်လိုပြောနေတာလဲ.. " မုရွယ်ချင်း၏ ကာကွယ်ပြောဆိုမှုက ယန်ချင်းအား ပိုဆိုးသွားစေခဲ့သည် ။ သူက လုဖုန်းအား တစစီလုပ်ပစ်ချင်နေသည့် စိတ်ကို ထိန်းလိုက်ကာ လှောင်ပြုံးပြုံးလိုက်ရင်း စိန်ခေါ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။
လုဖုန်းက ဖုန်းကိုင်ရင်း တစ်ဖက်က ပြောဆိုမှုကိုသာ အာရုံစိုက်ထားပြီး ယန်ချင်းကိုရော မုရွယ်ချင်းကိုပါ လစ်လျုရှုထားခဲ့သည် ။
" ပြီး‌တော့မှာမို့.. ခနလေးစောင့်ပေး " ချင်ယွင်ချီ၏ အလျင်စလိုပြောလာသည့်အသံကြောင့် လုဖုန်းက ပြုံးလိုက်သည် ။ ထိုသူက ဒီဘက်က စကားများကို ကြားသွားသည့်ပုံပင် ။
လုဖုန်းက မျက်မှန်ကို ပင့်တင်လိုက်ရင်း ခပ်သောသောရယ်မောကာ ပြောလိုက်သည် ။ " မင်းရဲ့ အချိန်တွေက ကိုယ့်အတွက်တောင် မလောက်တာ.. အခြားသူအတွက် ပေးစရာလား..ဂရုတစိုက်လာ .. မလောနဲ့ "
လုဖုန်း၏ ဂရုမထားသည့်စကားကြောင့် သူတို့ ရန်စနေသည့် စကားများကို ထိုသူက လေကဲ့သို့ သဘောထားကြောင်း သိလိုက်ရသည် ။
" မင်းလေးတစ်ခုခုဖြစ်သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့ .. " လုဖုန်း၏ အသံသည် တမင်စနောက်နေခြင်းဖြစ်သော်လည်း ထိုစကားထဲမှ အမှန်တကယ် ဂရုစိုက်မှုကို ကြားရသူတိုင်း ခံစားမိစေသည် ။
တဖက်တွင် ချင်ယွင်ချီ ၏ သဘောတကျအပြုံးကြောင့် အတွင်းရေးမှူးအပါအဝင် ကုမဏ္ဍီရှိ လူတိုင်း ကြက်သေသေနေလေသည် ။ သူတို့က လောကကြီးများ ဇောတ်ထိုးမိုးမျှော်ဖြစ်နေပြီဟု ထင်လိုက်မိသည် ။