Arc.2.15
5.3K 792 64
ကျိုးယဲ့ဟန်သည် လွှတ်ထွက်သွားတော့မည့် စိတ်အား ထိန်းလိုက်ကာ ခပ်ဖြေးဖြေး လျှောက်သွားလိုက်သည် ။ ချင်ယွင်ချီ ၏ အကြည့်သည် တစ်ချက် အေးစက်သွားသော်လည်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည် ။ လုဖုန်းက သာမန် ခေါင်းတချက်သာ ညိတ်ပြလိုက်သည်။ ကျိုးယဲ့ဟန်အား  မျှော်လင့်ချက် မထားစေချင်ပေ။ မျှော်လင့်ချက်နဲနဲလေးကတောင် ကျိုးယဲ့ဟန် သည် ဒီထက် ပိုနာကျင်ရလိမ့်မည် ။ အကြောင်းမှာ သူ့အတွက် အခြားလူတစ်ယောက်ကို ထပ်ချစ်ဖို့ မဖြစ်နိုင်တော့သောကြောင့်ပင် ။
ကျိုးယဲ့ဟန် သည် လုဖုန်း၏ အပြုအမှုကြောင့် စိတ်ပျက်မှုတချို့ ဖြတ်ပြေးသွားခဲ့သည် ။ အကယ်၍ လုဖုန်းက သူ့အား ရွံ့ ရှာသည့်အကြည့် ဒါမှမဟုတ် မုန်းတီးသည့် အကြည့်ဖြင့် ကြည့်ပါက ထိုသူ၏ စိတ်ထဲတွင် သူသည် တစ်တောင့်တစ်နေရာ ရှိနေသေးသည်ဟု ဆိုနိုင်လေသည် ။ ကျိုးယဲ့ဟန် က နာကျင်စွာ ပြုံးလိုက်မိသည် ။ ' မျှော်လင့်ချက် သေးသေးလေးတောင် မပေးနိုင်ဘူးလား ကိုကိုရယ် .. ရက်စက်လိုက်တာ '
ထမင်းစားစဉ်တစ်လျှောက်လုံး ကျိုးယဲ့ဟန် ပြုလုပ်ခဲ့သည်က မတွေ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည့် ချစ်ရသူအား ခိုးကြည့်ခြင်းသာ ။ ထိုသူရဲ့ မျက်ဝန်းထဲမှာ အခြားတစ်ယောက် ရှိနေခဲ့ပေမဲ့ပေါ့ ။ ချင်ယွင်ချီအား အသေးစိတ်ဂရုစိုက်ပေးနေသည့် လုဖုန်း အား ကြည့်ရင်း ခါးသက်စွာ ပြုံးလိုက်မိသည် ။
' ကိုကို့က တစ်စုံတစ်ယောက်ကို ဒီလို ဂရုစိုက်တတ်သေးတာဘဲ '
သူ့မှတ်ဉာဏ်ထဲတွင် လုဖုန်းသည် ဂရုစိုက်မှု ဆိုသည့် စကားလုံးအား ငွေ ဟုသာ ထင်မှတ်ထားသည့် လူတစ်ယောက်ပင် ။ ကွေ့လန်အာ အား ‌လိုသလိုသုံးနိုင်သည့် ငွေပမာဏကို ထောက်ပံ့ပေးထားသော်လည်း သူမသည် ဒီလူထံမှ ဒီလို အသေးစိတ်ဂရုစိုက်မှုမျိုးကို မရခဲ့ပေ။  ထိုအတွက့်ကြောင့် သူ့အတွက် ထိုနှစ်ယောက်ကို ခွဲရသည်မှာ အတော်လေး လွယ်ကူခဲ့သည် ။
ဧည့်ခန်းတွင် အကုန်လုံး ထိုင်နေကြသည့်အချိန်တွင် လုဖုန်းက ချင်ယွင်ချီ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ထရပ်လိုက်သည် ။ " ပါး.. မား.. သူက ကျွန်တော့် ချစ်သူပါ .. သူ့ကို လက်ထပ်ယူမလို့ အသိလာ‌ပေးတာပါ " ခေါင်းငုံ့ကာ ပြောလာသည့် လုဖုန်းကြောင့်  ထိုင်နေသည့် လူများသည် အချိန်မှီမတုန့်ပြန်နိုင် ဖြစ်သွားခဲ့သည်။