Arc.3.9
4.5K 716 49
" နောက်နှစ်မှ ကိုယ်နဲ့အတူ G မြို့ကိုသွားလို့မရဘူးလား " ပိုင်ရီက နေရခက်နေသည့်မျက်နှာဖြင့် ကုချန်အား ပြောလိုက်သည် ။ G မြို့တွင် သူရှုပ်ထားသည့်ကိစ္စများသည် များပြားလွန်း၍ H မြို့သို့ လာနေခြင်းမဟုတ်ပါလား ။ သူ့ရဲ့ များပြားလှသည့်ရည်းစားများနဲ့ ကုချန်အား မတွေ့စေချင်ပေ ။
ကုချန်က မျက်လုံးတောင့်မှ လာနေသည့်ကုရှင်းအား မြင်လိုက်သော်လည်း လစ်လျုရှုလိုက်သည်။ ပိုင်ရီ၏ စကားကြောင့် အေးစက်စက်အလင်းတစ်ချက်လက်သွားသော်လည်း နားမလည်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ " ဘာလို့လဲဟင်.. တကယ်လို့ ကိုကို့အတွက် အဆင်မပြေရင် ကျွန်တော် ကိုယ့်ဘာသာသွားလို့ရပါတယ် " ဒီနယ်မြေသည်အရင်ကတည်းက ရှုမင်ရန်၏ စားကျက်ဖြစ်သည့်အပြင် သူကလည်း အရင်ကုချန်ကဲ့သို့ နည်းလမ်းမျိုးမသုံးချင်ပေ ။ အရင်ဆုံး သူ့ကိုယ်သူ အခြားတစ်နေရာတွင် အင်အားရှိအောင်ပြုလုပ်ရပေမည် ။
အင်အားမရှိသည့်သူများသည် အခြားသူများ၏ ကစားကွက်ထဲတွင် ဓားစာခံများသာ ဖြစ်သွားလိမ့်မည် ။ အထူးသဖြင့် ဒီလို ဥပဒေအား လက်တလုံးခြားလုပ်‌နေသည့် အာဏာကစားကွက်မျိုးပင် ။
ဖြန်း!!!
ပိုင်ရီက အကြောင်းပြချက်ရှာနေဆဲတွင်ပင် အဖြစ်အပျက်သည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည် ။ ကုချန်သည် အားပြင်းပြင်းဖြင့် အရိုက်ခံလိုက်ရကာ လှဲကျသွားခဲ့သည် ။
" ဟမ့်.. အခု အားနည်းချင်ယောင်ဆောင်နေတာလား .. " ကုရှင်းက ကုချန်အား ရွံ့ ရှာသည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။ ကုချန်ထွက်သွားပြီးအချိန်တော်ကြာပြီးနောက် အစ်ကိုသုံးဆိုသူသည်ပြန်ရောက်လာခဲ့ကာ အကြောင်းစုံကို ပြောပြခဲ့သည် ။ ထိုလူများသည် ဒေါသပုံချဖို့ သူမတို့ နှစ်ယောက်သာ ရှိနေခဲ့သည် ။ ရှုမင်ရန်၏ လူများသာ အချိန်မီမရောက်လာပါက သူမ၏ဘဝသည် အခုချိန်တွင် စွန်းထင်းနေပေလိမ့်မည် ။
" မင်းငါ့ကို လိမ်ခဲ့တာလား " ပိုင်ရီက ကုချန်အား မယုံကြည်နိုင်စွာကြည့်လိုက်သည် ။ သူ ဖြူစင်သည်ဟု ထင်ထားခဲ့သည့် ကုချန်က ဒီလိုလူဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ ။