Arc.3.16
4.4K 690 90
ဘုန်း!!!
" လင်ရှောင်းရီ!!!! ငါ့စိတ်ကို လာမဆွနဲ့ "
ကုချန်က ရုံးခန်းသို့ ရောက်ရောက်ချင်းကြားလိုက်ရသည့်အသံကြောင့် သူ့ခြေလှမ်းများက တန့်သွားခဲ့သည်။ ပိုင်ရီသည် ပရော့ဂျက်အား အချိန်ယူကာ သေချာအကောင်ထည်ဖော်နေခဲ့သည် ။ လင်ရှောင်းရီ၏ လုပ်ပိုင်ခွင့် အာဏာကို မထိဘဲနဲ့ပင် သုံးလလုံး ‌ကောင်းမွန်စွာ စီစဉ်နိုင်ခဲ့သည် ။
သူက အထဲသို့ မဝင်သေးဘဲ ပိုင်ရီအတွက် ဝယ်လာသည့် နေ့လည်စာကို ကိုင်လျက် ခပ်လှမ်းလှမ်းတွင်ရပ်စောင့်နေလိုက်သည် ။ လင်ရှောင်းရီသည် မှာယူထားသည့် ပစ္စည်းများ လှဲလှယ်လိုက်သည့်အတွက် ပိုင်ရီက ဒေါသထွက်နေခြင်းပင် ။ လင်ရှောင်းရီ ထိုနည်းလမ်းကို သုံးနေသည်မှာ ဒီတစ်လကိုသာ ကြည့်လျှင်ပင် ဆယ်ကြိမ်လောက်ရှိနေပြီပင် ။ ပိုင်ရီသည် ထိုကိစ္စအား ဖြေရှင်းနိုင်သော်လည်း စိတ်အနှောက်အယှက်ဖြစ်သည်တော့အမှန်ပင် ။
ရုံးခန်းထဲတွင် ပိုင်ရီက ဖိုင်တစ်ခုအား ပစ်ချလိုက်ကာ " လင်ရှောင်းရီ.. ငါ့သည်းခံနိုင်တဲ့ အတိုင်းအတာကို လာမစမ်းနဲ့ " သူ့အကြည့်က အေးစက်နေကာ " မင်းနဲ့ ‌မင်းနောက်ကွယ်က လူတွေက ငါ့ပိုင်နက်ကို မထိရင်ကောင်းမယ် .. ဒါနောက်ဆုံး သတိပေးခြင်းဘဲ .. "
ပိုင်ရီ ပြောပြီးပြီးချင်းထွက်သွားရန် တံခါးဖွင့်လိုက်ချိန် နေ့လည်စာဗူးများကို ကိုင်ကာ စောင့်နေသည့် ကုချန်ကို တွေ့လိုက်ရသည် ။ suit အနက်ကို သေချာ ဝတ်ဆင်ထားပုံအရ ကုချန်သည် တရားရုံးမှ ပြန်လာခဲ့သည့်ပုံပင် ။
" အို... ပိုင်သခင်လေး က ကျွန်တော့်ကို ခများဘက်ပါစေချင်ရင် နည်းလမ်းတစ်ခုရှိသေးတယ် .. " သူ့အနောက်မှ နီးကပ်စွာ ထွက်လာသည့် အသံကြောင့် သူ့ဘေးနားသို့ လျှောက်လာသည့် လင်ရှောင်းရီ ကိုကြည့်ရင်း မျက်ခုံးတို့ တွန့်ချိုးသွားခဲ့သည် ။ လင်ရှောင်းရီက သူ့အားကျော်ကာ ကုချန်အား ကြည့်ရင်း ပြောလာခဲ့သည် ။
" အဲ့ကောင်လေးကို ပေးရင်ရော "
ဒုန်း!!!!
ကျယ်လောင်သည့် အသံကြောင့် ဖြတ်သွားဖြတ်လာ ဝန်ထမ်းများ အလန့်တကြားလှည့်ကြည့်လိုက်သည် ။ ကုချန်သည် ပိုင်ရီက လင်ရှောင်းရီအား ဆွဲထိုးလိုက်သည့် မြင်ကွင်းကြောင့် အံ့ဩသွားကာ ပြေးလာလိုက်သည် ။