Arc.3.18
4.3K 671 66
" တကယ်ပါ.. အိမ်မက်ယောင်တာပါဆို .." ကုချန်၏ မျက်နှာက ရှုံ့မဲ့နေကာ ခေါင်းကုတ်လိုက်မိသည် ။ သူက ကျန်သည့်ကိစ္စများကို ရှင်းပြနိုင်သော်လည်း သတ်သေသည့်အကြောင်းအရာအား မည်သို့ စတင်ရှင်းပြရပါမည်နည်း ။ သူက ကုချန်မဟုတ်ဘူးလို့လား .. ဒါမှမဟုတ် သူ့ရဲ့ ဘဝ အကြောင်းလား ၊ ။ တွေးရင်းနဲ့ပင် ခေါင်းကိုက်လာတော့သည် ။
သူ့တောင် နားမလည်သည့် ရှုပ်ထွေးသည့် နောက်ကြောင်းအား ပိုင်ရီကို မည်သို့ ပြောပြရမည်နည်း ။ တွေ့ရာအကြောင်းပြချက်တစ်ခုက ပိုင်ရီကို လှည့်စားမရမှန်းသိသော်လည်း သူက မျက်နှာအရေထူစွာပင် ပြောရလေသည် ။
ပိုင်ရီသည် အေးစက်သည့် မျက်နှာထားရှိနေဆဲဖြစ်သဖြင့် သူ့၏ အကြောင်းပြချက်အား လုံးဝနားမဝင်ကြောင်း သိလိုက်ရကာ စိတ်ဓာတ်ကျသွားလေတော့သည် ။ ပြတင်းပေါက်အနားတွင် ရပ်ကာ အောက်သို့ မျက်နှာသေဖြင့် ငုံ့ကြည့်နေသည့် ပိုင်ရီက ရုတ်တရက် ဘောင်ပေါ်သို့ တက်လိုက်သည်ကို မြင်လိုက်ရသည် ။
" ပိုင်ရီ!!! ဒါ.. ဒါ ဘာလုပ်တာလဲ " ကုချန်၏ နူတ်ခမ်းများက တဆတ်ဆတ်တုန်ယင်သွားသည် ။ သူက သူ့ချစ်သူ၏ အကျင့်စရိုက်အား မေ့သွားမိခဲ့ခြင်း ။ ' သောက်ကျိုးနည်းလေပြီ..'
ပြတင်းပေါက်ဘောင်ပေါ်တွင် တည်ငြိမ်စွာရပ်လျက် လေးထပ် အဆောက်အအုံ၏ အမြင့်ကို တစ်ချက်ကြည့်လိုက်ကာ ကိုယ့်ဆံပင်ကိုယ် ပြန်ဆွဲလုနီးနီးဖြစ်နေသည့် ကုချန်ကို ကြည့်လိုက်သည် ။
" ကိုယ့်ရဲ့ပျက်စီးမှုကို မြင်ချင်တယ်မလား .. ဒီလိုဆို မင်းကို မထိခိုက်လောက်ဘူးမလား .."
ကုချန်၏ မျက်နှာက အေးစက်သွားကာ ပိုင်ရီထံ လျှောက်သွားလိုက်သည်။ " မရူးစမ်းနဲ့ .. ဆင်းလာခဲ့.. " သူက ပိုင်ရီအား ပြောသည့်လူ မည်သူဖြစ်ဖြစ် အဲ့ဒီလူအား သေချာပေါက် အရှင်ထားမည် မဟုတ်ချေ ။ တွေးစရာမလိုအောင်ပင် ထိုလူသည် ကုရှင်းဖြစ်ပေလိမ့်မည် ။ ရှုမင်ရန်မှလွဲ၍ သူမတွင် သူမပါးစပ်က ထွက်လာသည့် စကားတိုင်းကို ယုံကြည်စေနိုင်သည့် စွမ်းရည်ရှိနေသည်မလား ။ ပိုင်ရီပင် ချွင်းချက်မဟုတ်ခဲ့ပေ ။