Arc.4.6
3.7K 649 78
" ရှုရားလ်!!!! " ကျယ်လောင်သည့် အော်သံက ထွက်ပေါ်လာခဲ့ကာ ရှုပ်ထွေးသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘွားအို တစ်ယောက်ပေါ်လာလေသည် ။ ရှုရားလ်က ထိုအဘွားအိုပြောသည့် သတင်းကိုကြားလိုက်ရကာ သူမမျက်နှာသည် ပျက်ယွင်းသွားကာ တကယ်လားဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည် ။
တဖက်တွင် ရစ်ခ်ျ သည် သူ၏  ခန္ဓာကိုယ်တွင်းမှ ထိုးထွက်လာနေသည့် ပုန်းကွယ်စွမ်းအားများကို ဤဖိအားအောက်တွင် ခံစားမိလာသည် ။ အချိန်အနည်းငယ် ယူလိုက်ပါက ရှုရားကို တွန်းလှန်နိုင်ပြီး ရိုးလ်အား ကယ်တင်နိုင်မည် ဖြစ်သည်။ သို့သော် စွမ်းအင်များသည် ပေါက်ကွဲထွက်ခါနီး အချိန်တွင် ရှုရားလ်က သူမရဲ့ အစီအရင်ကို ပြန်လည်ရုတ်သိမ်းလိုက်သည် ။ ထို့အတွက် သူ့ကိုယ်တွင်းမှ စွမ်းအင်များ ကသောင်းကနင်းဖြစ်သွားကာ သွေးအန်လိုက်ရတော့သည် ။ စွမ်းအားတိုးလာမည့်အခွင့်အရေးသည် ဤကဲ့သို့ပင် ပျက်စီးသွားခဲ့ရသည် ။
ရှုးရာလ်က သူမအမှုအရာကို ထိန်းသိမ်းလိုက်ကာ " သခင်လေးရိုးလ် က ကျွန်မကို လှည့်စားလိုက်တာဘဲ .. ခေါင်းဆောင်မဟုတ်ဘဲ ခေါင်းဆောင်လို့ လိမ်ညာတယ်.. ဒါကို အကြီးအကဲဆီ တင်ပြရလိမ့်မယ် .." ရုတ်တရက်ဖြစ်သွားသည့် အခြေအနေကို နားမလည်သေးခင်ပင် ထပ်ကာ နေရာရွေ့ပြောင်းခံလိုက်ရလေသည်။
ရှေးဟောင်းအဆောက်အဦးထဲတွင် စုန်းမျိုးနွယ်အကြီးအကဲများသည် မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြလေသည် ။ ထိုဖြစ်ရပ်၏ တရားခံဖြစ်သူမှာတော့ သူလက်ထဲက လက်ကလေးကို ကစားနေလေသည် ။ ရီဗဲလ် က ထိုသူများ၏အကညြ့်ကြောင့် နေရခက်လာကာ သူ့လက်ကို ပြန်ဆွဲယူလိုက်သည် ။ သို့သော် တဖက်၏ ပြန်ဆွဲယူခြင်းကို ခံလိုက်ရကာ ရိုမန်၏ ရင်ခွင်ထဲပြုတ်ကျသွားတော့သည် ။
" သခင်!!! အခြေအနေကိုကြည့်ပါဦး " ရီဗဲလ်၏ နူတ်က ထွက်လာသည့် သခင် ဆိုသည့် စကားကြောင့် ရိုမန်၏ ရင်ထဲတွင် ပန်းများပွင့်လာလေသည် ။ ထိုစကားသည် ရီဗဲလ်က သူ့အား နှလုံးသားကို အပ်နှင်းသည် ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလား ။ vampire များအတွက် အဓိက အားနည်းချက်မှာ နှလုံးဖြစ်သလို သူတို့၏ အသက်ရော စိတ်ပါ တည်ရှိသည့် နေရာလည်း ဖြစ်လေသည် ။