Arc.4.8
3.6K 619 90
" ကျွန်တော်..ကျွန်တော်က အမြဲ အသုံးမကျတဲ့သူဘဲ .. ဘယ်သူမှ လက်မခံချင်တဲ့သူ .." ခေါင်းကိုအသာငုံ့လျက် တတွတ်တွတ်ရေရွတ်နေသည့် ကောင်လေးအား အသာထွေးပွေ့လိုက်သည် ။ သူက ဆံစလေးတွေကို ပွတ်သပ်ပေးရင်း " ရီ.. ကိုယ့်ကိုပြော .. အရင်က အမြဲထွက်ပြေးနေခဲ့ရတာမလား .."
သူ့မေးခွန်းကို ထူးဆန်းဟန်ကြည့်လာသော်လည်း ခေါင်းညိတ်ပြလာသည့်ကောင်လေး၏ ပါးပြင်လေးကို အသာညစ်လိုက်ကာ " အဲ့ဒါ.. ကိုယ့်ရဲ့ ရီ ‌လေးက အဖိုးတန်လွန်းလို့ ရချင်ကြတာ မဟုတ်ဘူးလား .. " သူက မှေးကိုအသာမော့ကိုင်လိုက်ကာ မျက်ခွံလေးကို ခပ်ဖွဖွနမ်းလိုက်သည် ။ " ပြီးတော့.. ရီ.. က အရမ်းတော်လွန်းလို့ ကိုယ်ရောက်လာတဲ့အထိ စောင့်နိုင်ခဲ့တာလေ.. အသုံးမကျတဲ့သူဆိုတာ ရီ ကို ပြောတဲ့သူတွေဘဲ .. အဲ့လူကြီးတွေက အသက်ကြီးလို့ မတွေးနိုင်ကြတော့ဘူးလေ "
ရိုမန်က ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို လက်မဖြင့် အသာဖိသုတ်ပေးလိုက်ပြီး " သူတို့ကမှ အရမ်းသနားကောင်းတာ .. ဦးနှောက်မကောင်းကြဘူးလေ .." မျက်လုံးလေး ကလယ်ကလယ်ဖြင့် သူ့အား ပါးစပ်အဟောင်းသာ ပြန်ကြည့်လာသည့် ကောင်လေးက တအံ့တဩမေးလာသည် ။
" အဲ့လိုကြီးလား .."
" အင်း.. အဲ့လိုဘဲ .. စိတ်မကောင်းမဖြစ်နဲ့တော့နော် " သူက ရီဗဲလ်၏ နှာထိပ်လေးအား လက်ညိုးဖြင့် အသာတို့ထိလိုက်ပြီး " အခု .. ကိုယ်တို့ရဲ့ အိမ်ကို သွားကြမယ် .."
" အိမ်!!!.." ရီဗဲလ် က ထိုစကားလုံးကို သိသော်လည်း သူ့တွင် ဘယ်တော့မှ မရှိလာနိုင်ဟု ထင်ခဲ့သည့် အရာပင် ။ သူက ရိုမန်၏ ခါးကို တင်းကြပ်စွာဖက်လိုက်ကာ " အင်း.. အိမ်... အိမ်ကို သွားမယ် .." အရူးလေးလို ပြုံးနေသည့် ကောင်လေးသည် သူဘယ်လောက်ပျော်ရွင်နေကြောင်း သိစေချင်သည့်ဟန် မျက်ဝန်းပြာပြာလေးများ မှေးကျဉ်းသည်အထိ ပြုံးနေခဲ့သည်။
ခနအကြာတွင် ရိုမန်က ခမ်းနားထည်ဝါသည့် အနောက်တိုင်းပုံစံ အဆောက်အအုံရှိသည့် ခြံဝင်းထဲသို့ ဝင်လာခဲ့သည် ။ သူ့ဘေးနားတွင် တအံ့တဩငေးမောနေသည့် ကောင်လေဲး ပါလာခဲ့ပေသည်။ အိမ်ထဲသို့ ရောက်သည့်အချိန်တွင် အစေခံအန်တီအား " သူ့အတွက် စီစဉ်ပေးလိုက်ပါဉီး .. အဝတ်အတွက်က ဒီသခင်ရဲ့ အခန်းထဲက သူလေးကြိုက်တာရွေးပါစေ"