Ep2 (Uni)

774 148 17
                                    

နွေရာသီဖြစ်ပေမဲ့ ကောင်းကင်မှာ ညိုမဲနေတဲ့ တိမ်စိုင်တွေက တလိမ့်လိမ့်..ထူပိန်းမဲမှောင်လာတဲ့ တိမ်စိုင်တွေတဖြည်းဖြည်းများလာပြီး မိုးစက်အဖြစ်ကိုတရွေ့ရွေ့ကူးပြောင်းသွားတော့တယ်။

အိပ်တိုင်း အိပ်ယာဘေးကပြတင်းပေါက်ကိုဖွင့်ထားတတ်တာကြောင့် မိုးစင်အမှုန်အမွှားတွေက သူ့မျက်နှာကိုတစ်ချို့တစ်ဝက်လာစင်တယ်။ မိုးစက်တွေစင်လို့ စိတ်မကြည်မသာနဲ့နှိူးလာရမဲ့အစား ဘတ်ဟျွန်းက မျက်နှာပေါ်ကမိုးစက်တွေကို လက်ဖဝါးနဲ့ခပ်ကြမ်းကြမ်းဖိသုတ်ပြီး ကြည်ကြည်သာသာနဲ့နိုးလာခဲ့တယ်။အလုပ်သွားရမဲ့ရက်တွေတိုင်း အိပ်ချငိမူးတူးနဲ့မထချင်ထချင် ထရတဲ့သူက ဒီနေ့တော့ထူးထူးဆန်းဆန်းလန်းဆန်းနေတာဖြစ်တယ်။

မနေ့ကစာအုပ်တစ်အုပ်အလကားရလာတော့ ဘတ်ဟျွန်းကစာအုပ်အသစ်တောင်မဝယ်ခဲ့တော့ဘူး။တစ်ပတ်စာဖတ်ဖို့လုံလောက်တဲ့ စာအုပ်ကြီးကအထူကြီး။ အဖြူရောင်စာရွက်တွေနဲ့မဟုတ်ပဲ ဝါကျင့်ကျင့်ရောင်နဲ့အနားသတ်တွေမသေသပ်တဲ့ ထိုစာအုပ်က ဘတ်ဟျွန်းစိတ်ကို ဖတ်ချင်အောင်ဘယ်လိုအောင်ဆွဲဆောင်နိုင်ခဲ့လဲမသိပါ။အမှန်တိုင်းပြောရမယ်ဆိုရင် စာအုပ်အဖုံးပေါ်က နှာတံထင်းထင်းနဲ့ နှုတ်ခမ်းတင်းတင်းစေ့ထားတာတောင် ခန့်ညားနေလွန်းတဲ့လူတစ်ယောက်ကြောင့်ဖြစ်မယ်ထင်သည်။

ခြကိုက်ထားတာရော ဆွေးမြေ့လို့ကြွတ်ဆတ်ဆတ်ဖြစ်နေတဲ့စာအုပ်ကခပ်ဖွဖွကိုင်တွယ်ရမည့်ဟန် ။စိတ်လိုလက်ရသာလှန်မိလျှင်တစ်စစီပြုတ်ထွက်သွားမဲ့ပုံပင်။ညပြန်လာမှ မုန့်တွေဝယ်ပြီးတစ်ညလုံးထိုင်ဖတ်ပစ်မည်ဟု သူစဉ်းစားမိသည်။

"ပြန်လာမယ်နော်စာအုပ်လေးရေ ညကျတွေ့မယ်နော်"

ကုတင်ဘေးမှာ တင်ထားတဲ့စာအုပ်ကိုသက်ရှိလေးလိုဆက်ဆံပြီး ဘတ်ဟျွန်းကတော့အိတ်ကလေးဆွဲကာတစ်နေ့တာကိုဖြတ်သန်းရပေဦးမည်။

ဘတ်စကားမှတ်တိုင်မှာကားရပ်စောင့်နေရင်းညကခဏဟိုလှန်ဒီလှန်ဖတ်ထားသော စာလေးတွေကိုပြန်စဉ်းစားနေမိသည်။သူစိတ်ဝင်စားတဲ့စာအုပ်အဖုံးပေါ်က ခပ်ချောချောကောင်လေးကမင်းကြီးဖြစ်နေပြီး ရှေးခတ်ပုံစံနှင့်ဝတ္တုရှည်တစ်ပုဒ်သာ။အကုန်မဖတ်ရသေးပေမဲ့ အနည်းငယ်လှန်လှောပြီး ဖတ်မိတဲ့စာတစ်ချို့အရ မိဖုရားတွေသာယူထားပြီးမိဖုရားတွေနဲ့တစ်ခါမှအိပ်ဆောင်မဝင်သည့် ထူးဆန်းတဲ့ လူ့ဂွစာမင်းကြီးဖြစ်သည်။စစ်ရေးစစ်ရာနဲ့ လက်ရုံးရည် နှလုံးရည်အစုံပြည့်ဝပါသော်လည်း မပြည့်ဝသည်က အိပ်ယာပေါ်ကအရေးအရာဖြစ်သည်။ ညတုန်းကစာရင်းနည်းနည်းစစ်နေရတာကြောင့်အကြင်ဖျင်းလောက်ပဲ ဘတ်ဟျွန်းဖတ်ရသေးသည်။ဒီနေ့ညတော့ အိပ်ယာရေးရာမပြည့်ဝတဲ့မင်းကြီးအကြောင်း ညလုံးပေါက်ဖတ်ပစ်မည်ဟုသာ စိတ်ထဲတိတ်တဆိတ်ကြုံးဝါးလိုက်ပြီး ခပ်ကြိတ်ကြိတ်ရယ်မိလိုက်သေး၏။ စာအုပ်အထူကြီးက ဒီလိုဇာတ်လမ်းပုံစံမျိုးနဲ့ဆို နှစ်ရက်သုံးရက်လောက်နဲ့တင်ဘတ်ဟျွန်းကအသာလေးဖတ်နိုင်သည်။

Imaginary SphereWhere stories live. Discover now