Ep 21(Uni)

261 55 2
                                    


ဝတ်ရုံအစိမ်းရောင်ဖျော့ဖျော့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လက်ဖျားလေးတွေနဲ့သေသေချာချာ ညှိယူလိုက်သည်။ အထိန်းတော်တွေကို ခပ်ဝေးဝေးမှလျှောက်စေပြီး မနက်ဝေလီဝေလင်းမှာ ဦးတည်မိတာ တစ်ခုထဲသော နန်းဆောင်ရှိရာဆီ...

"မိဖုရားကြီး ကြင်ယာတော်မင်းသားငယ် ဝင်ခွင့်တောင်းပါတယ်"

"ဝင်လာခိုင်းလိုက်ပါ"

မိဖုရားကြီးကနေရာမှထပေးလိုက်ပြီး ဘတ်ဟျွန်းကို
အခင်းအိအိပေါ်ထိုင်စေသည်။

"မနက်စောစောစီးစီး ဘာကိစ္စများရှိပါသလဲကြင်ယာတော်"

"မိဖုရားအတွက်တော့ အရေးကြီးတယ်လို့ထင်ရမှာမဟုတ်ပေမဲ့ ကိုယ်တော့်အတွက်ကတော့အရေးကြီးလို့ အစောကြီးလာရတာအားနာပါတယ်"

"မေးပါကြင်ယာတော်"

"မင်းကြီးနဲ့မိဖုရား ကိုယ်တော်မရှိခင်က ရင်းနှီးတဲ့ဆက်ဆံရေးလို့ကြားမိတယ်။ တခြားမိဖုရားတွေနဲ့ လိုသလောက်ပဲစကားပြောတဲ့သူက ဟော့ဒီကမိဖုရားကြီးနဲ့ကတော့ ရယ်ရယ်မောမောရှိကြတယ်ဆိုလို့ တစ်ခုလောက်အကူအညီတောင်းခဲ့လို့ဖြစ်မလား"

"ငယ်ကချစ် အနှစ်၁၀၀တဲ့ မင်းကြီးနဲ့က ငယ်ငယ်ထဲကသိကျွမ်းခဲ့တယ်ဆိုရမလား ပညာရေးဝန်ကြီးရဲ့သမီးနဲ့ အိမ်ရှေ့စံရဲ့ အချစိဇာတ်လမ်းလေးကို နားထောင်ကြည့်မလား"

မျက်မှောင်စုကုပ်သွားတဲ့ဘတ်ဟျွန်းကို မိဖုရားကြီးကလက်လေးကိုပါးစပ်ရှေ့မှာကာလျက် ခပ်တိုးတိုးရယ်သည်။

"အိုး မပြောပြသင့်မိတာတွေပြောမိပြီထင်ပါတယ် ဒီပါးစပ်ကတော့ ။အရာရာဟာပြောင်းလဲတတ်တယ်လေ။ အခုတော့မင်းကြီးကအရသာအဟောင်းကိုငြီးငွေ့လို့ အသစ်အဆန်းလေးကိုမြည်းကြည့်ချင်နေတာလားမပြောတတ်ဘူး ။ ဒါပေမဲ့မင်းကြီးကတော့ တစ်ခါတစ်လေ ညမိုးချုပ်သန်းခေါင် အကျွန်ုပ်ဆီလာတတ်တယ်လေ ..အို..မဆိုင်တာတွေပြောမိပြီထင်ပါတယ်..ဘာကူညီပေးရမလဲပြောပါဦး"

"အဟင်း ဒါဆိုရင်တော့သက်သက်မဲ့လာမိသွားတာတူတယ်။ နှစ်ယောက်သားဆက်ဆံရေးကပြေပြစ်နေတော့"

Imaginary SphereWhere stories live. Discover now