Ep 16 (Uni)

239 43 0
                                    


ကံကြမ္မာဟာတစ်ပတ် ပြန်လည်တတ်ပါသလား..
ဒါဆိုရင်လုပ်ယူဖန်တီးထားတဲ့ ကံကြမ္မာကရော..

ဘဝခြားနေတာသိသိရက်နဲ့ ချန်းယောလ်ရောဘတ်ဟျွန်းရော နှစ်ယောက်လုံးကပါ ထပ်ပြီးချစ်နေမိကြပြန်ပြီ။ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေ ထူးခြားဆန်းကြယ်တဲ့အရာတွေဟာ ဒီကမ္ဘာမှာရှိတယ်လို့ရော ယုံကြည်ပါသလား..

စာအုပ်တစ်အုပ်ထဲမှာ ရှင်သန်နေထိုင်ကြတဲ့လူတွေ
ဇာတ်ဆရာအလိုကျ စာရေးသူရဲ့ဖန်တီးမှုအောက်မှာပဲ ကြိုးဆွဲရာကကြရတဲ့ ဇာတ်ရုပ်တွေ..
အရာအားလုံးကိုဆန်ကျင်ပြီးတော့ နာကျင်ရမယ်မှန်း ပြစ်ဒဏ်ခတ်ခံရမယ်မှန်း သိသိရက်နဲ့ ဘတ်ဟျွန်းကို ချန်းယောလ်က ဒီစာအုပ်ထဲခေါ်သွင်းခဲ့တာ

ဖမ်းဆုပ်လို့မရတော့တဲ့ အတိတ်တွေမှာ ဘတ်ဟျွန်းကချန်းယောလ်နှလုံးသားထဲရှင်သန်နေခဲ့ဖူးတယ်။ တစ်ဖက်သတ်အချစ်ဆိုတာဖမ်းဆုပ်လို့မရတဲ့ တိမ်စိုင်တွေလိုပဲ ချစ်ရသူကို လူတိုင်းက ကိုင်တွယ်ထိတွေ့ချင်ကြတာချည်း..

ဘဝတွေခြားပေမဲ့ ချန်းယော်ရဲ့ချစ်ခြင်းတရားက ဘတ်ဟျွန်းအတွက်ဆို ထာဝရတည်မြဲတယ်။ နှစ်ပေါင်း၁၀၀မှာ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့တာကတော့ အပြာရောင်တွေချည်းဖြစ်နေတဲ့ အမှတ်အသားတွေဖြစ်တယ်။

"အကိုတော် ဂျွန်မြောင်ကို ခေါ်လာခဲ့ပေး"

"အမိန့်တော်အတိုင်းပါမင်းကြီး"

ဟိုတစ်နေ့ညက ဘတ်ဟျွန်းရဲ့ပင်လယ်ပြာရောင်မျက်ဝန်းတွေကို အခုထိမျက်လုံးထဲမှာစွဲထင်နေတုန်း
နဖူးကအမှတ်အသားဟာလဲ အပြာရောင် ။
ထပ်ပြီးတော့ တချိန်ထဲမှာပြိုင်တူထွက်ပေါ် ပြိုင်တူမှေးမှိန်သွားတဲ့ ချန်းယောလ်နဲ့ ဘတ်ဟျွန်းရဲ့မျက်ဝန်းပြာတွေကလဲတစ်မျိုးထူးဆန်းနေသေးပြန်တယ်

ကျိန်စာဖြစ်မှပေါ်လာတတ်တဲ့ ချန်းယောလ်ရဲ့မျက်ဝန်းပြာတွေဟာ ဘာကြောင့်များ...

"အစ်ကိုတော်ဂျွန်မြောင် ဝင်ခွင့်တောင်းပါတယ်"

"ဝင်လာစေ ပြီးတော့ အဆောင်တော်ရဲ့ခပ်ဝေးဝေးမှာ အားလုံးစောင့်နေပါ"

Imaginary SphereWhere stories live. Discover now