Ep 34 (U)

177 40 5
                                    

ဖန်သားပြင်ရှေ့မှ stock shareအတတ်အကျထက် လက်ထဲမှအေးစက်နေသော ကော်ဖီခွက်ကို ချန်းယောလ်သည် ပိုစိတ်ဝင်စားနေ၏။

"အရသာမရှိဘူး ဟိုကောင်လေးဖျော်ပေးသလို"

လက်ထဲမှခွက်ကိုချကာ ထိုင်ခုံပေါ်ကျောမှီချလိုက်ရင်း သက်ပြင်းကိုဟင်းကနဲချလိုက်၏။ အတိတ်ဆိုတဲ့အရာကို သူရေးရေးမှ မှတ်မိမနေခဲ့ဘူး။ သူပြန်လာရင် ကလေးတစ်ယောက်လို အိမ်ရှေ့ထွက်ကြိုတဲ့အမေရယ် ၊တစ်ခါတစ်လေ သူ့ကိုဝမ်းနည်းသလိုဆွေးဆွေးကြီးကြည့်တတ်တဲ့ အဖေရယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုလူမျိုးတွေ ပါဝင်ပတ်သတ်ခဲ့လဲ နည်းနည်းတော့သိချင်မိသား..

သူများတွေက တနင်္လာနေ့ရောက်မှာကို သေမတတ်မုန်းပေမဲ့ ချန်းယောလ်ကတော့ ရုံးတတ်ရမှာပျော်သည်။ လက်လွှဲယူထားတဲ့ companyမို့ အသေးစိတ်အလုပ်တွေထိ ဝင်ရောက်စွက်ဖက်ပြင်ဆင်ရတာ ပင်ပန်းတာမှန်ပေမဲ့ ခပ်စွာစွာကောင်လေးတစ်ယောက်ကြောင့် သူနေ့တိုင်းပြုံးဖြစ်လာသည်။
အတုအယောင်တွေများတဲ့လောကမှာ ထိုကောင်လေးအပြုအမူကစစ်မှန်သည် ခဏတာမြင်ခဲ့ဖူးတဲ့အပြုံးလေးကချိုမြသည်။ ရုံးမြန်မြန်တတ်ပြီး စနောက်ချင်စမ်းပါရဲ့..

______

အိပ်ချင်မူးတူးနဲ့ဘတ်ဟျွန်းသည် အစီရင်ခံရမဲ့စာများကို တဒေါက်ဒေါက်ရိုက်နေပေမဲ့ မျက်လုံးကမပွင့်။ မှားနေသည်ကများတာကြောင့် ခရီးကလိုသလောက်မတွင်ပေ။ ထိုကြောင့် ဝန်ထမ်းများအတွက်လိုသည့်အချိန်သုံးလို့ရမဲ့ မီးဖိုခန်းထဲသို့ ကော်ဖီဖျော်ရန်ဝင်သွားတော့သည်။

"ဘတ်ဟျွန်းဆိုတဲ့ အတွင်းရေးမှူးအသစ်လေးပါလား
ကော်ဖီလာဖျော်တာလား"

"ဟုတ် ဆန်းဘေးနမ်း နည်းနည်းအိပ်ချင်သလိုဖြစ်လို့"

ဘတ်ဟျွန်းသည်ယဉ်ယဉ်ကျေးကျေးဖြင့်ခေါင်းလေးငုံ့ကာဆို၏။

"အဲ့တာဆို တို့အတွက်လဲကော်ဖီတစ်ခွက်ဖျော်ပေးမလား"

"ဒီမှာ HR teamက ခေါင်းဆောင် ဘတ်ဟျွန်းကခင်ဗျားခိူင်းဖို့အတွက် အလုပ်လာလုပ်နေတာမဟုတ်ဘူး သူကCEOရဲ့ အတွင်းရေးမှူး"

Imaginary SphereWhere stories live. Discover now