အမှတ်အသားတိုင်းမှာ သူ့အဓိပ္ပာယ်နဲ့သူရှိကြတယ်။ ခန္ဓာကိုယ်မှာသတိမထားမိလိုက်ပဲ ရွေ့သွားတတ်တဲ့မှဲ့တွေ ထပ်တိုးလာတဲ့မှဲ့တွေ ပုံစံတဖြည်းဖြည်းပြောင်းလာတဲ့မှဲ့တွေရယ် အသက်ကြီးမှတဖြည်းဖြည်းထင်ရှားလာတဲ့အမှတ်တွေ မှိန်ဖျော့သွားတဲ့အမှတ်တွေ။ ရုတ်တရက်ဆန်စွာရောက်ရှိလာတတ်တဲ့အမှတ်တွေက သာမန်အားဖြင့်တော့ပုံမှန်မဟုတ်ကြဘူး ။ယုတ္တိမရှိမှန်းသိပေမဲ့ ဘတ်ဟျွန်းရဲ့နဖူးကအပြာရောင်လိပ်ပြာသဏ္ဍာန်အမှတ်ငယ်က တစ်ချက်တစ်ချက် အရောင်ဖျော့ဖျော့လင်းတယ်။နဖူးကခပ်အောင့်အောင့်ဖြစ်လို့ နဖူးစည်းချွတ်မှအမှတ်ပေါ်နေတာသိရတဲ့အဖြစ်
"ဘာလဲငါရော ကျိန်စာမိတာပဲလား လီယောလ်ကိုနမ်းလိုက်မိလို့များလား "
နဖူးကအမှတ်ကို လက်ချောင်းထိပ်တွေနဲ့အားထည့်လို့ဖိပွတ်ရင်း မှန်ရှေ့မှာဘတ်ဟျွန်းက ခပ်တိုးတိုးငြီးတွားနေတယ်
"သေရတော့မှာလား ဘဝမှာတစ်ခါပဲနမ်းဖူးပြီးတော့ မသေချင်ပါဘူးနော် ပျောက်လိုက်စမ်း ဒီအမှတ်"
အားထည့်ပွတ်လေ ပိုနာလာလေဖြစ်နေတာကြောင့်
ဘတ်ဟျွန်းထပ်မပွတ်ရဲတော့"ငါ့အပြစ်မဟုတ်ဘူး တစ်ခုခုဆို နှာဘူးအားလူးမင်းကြီးပဲ သူချောလို့ငါနမ်းမိသွားတာ"
အပျိုတော်တွေသေချာခင်းပေးသွားတဲ့ အိပ်ယာတွေကိုစိတ်အလိုမကျစွာ ခြေထောက်နဲ့ခပ်ဆတ်ဆတ်လေးကန်ထုတ်ပစ်လိုက်တယ်
"Sweet homeကမွေ့ယာလေးပဲကောင်းတယ်"
အဖြူရောင်ပိုးဖဲသားညအိပ်ဝတ်ရုံကိုခပ်တင်းတင်း ဆွဲလိုက်ပြီး နဖူးကိုလဲအဝတ်ဖြူနဲ့ထပ်စည်းလိုက်တယ်။ ဒီအမှတ်အကြောင်း ရေရေရာရာ မသိသေးခင်ဘယ်သူမှ မြင်လို့မဖြစ်ဘူး
"ကြင်ယာတော်လေး မင်းကြီးကြွချီတော်မူလာပါတယ်"
"ဝင်လာစေ"
ဘတ်ဟျွန်းကသူကြည့်ဖူးတဲ့ နန်းတွင်းကားထဲကလို မျက်နှာပိုးကိုသတ်ပြီး တင်ပခွေထိုင်လို့ အသံကိုခပ်မြှင့်မြှင့် အော်ပစ်လိုက်တယ်
ESTÁ A LER
Imaginary Sphere
Fanficရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်