Ep 26 (uni)

217 41 6
                                    


လပြည့်ညဖြစ်သော်လဲ ယခုအခါတွင်မူ အမဲရောင်တိမ်တိုက်များက ဖုံးလွှမ်းသွားတာကြောင့် လကွယ်ညလိုမှောင်မိုက်သွား၏။

လစ်လပ်နေသောနေရာကိုငေးနေသူက ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ကိုသတိမထားမိ။ လေပြည်ကနေ လေဆင်နှာမောင်းကဲ့သို့ ကြမ်းတမ်းလာသောလေအဟုန်တွင် ခပ်ဟဟဖြစ်သွားသော ဝတ်ရုံစကို လက်ဖြင့် ခပ်တင်းတင်းဆွဲဖိထားရသည်။

အဖြူရောင်အလင်းတန်းက မှောင်မိုက်တဲ့ညမှာ ဝုန်းကနဲဆင်းသက်လာတာကြောင့် ပို၍ပင်ထင်းလင်းနေသည်။

ထိုအဖြူအလင်းတန်းထဲမှ လူတစ်ယောက်အသွင်အရိပ်ထင်နေသော်လဲ ထိုးဖောက်မြင်ရချင်းမရှိ။ လေနီကြမ်းဟာ တမုမဟုတ်ချင်းရပ်တန့်သွားပြီးနောက် တိတ်ဆိတ်နေတဲ့ညအတွင်း ခပ်ရှရှအသံကပေါ်ထွက်လာလေသည်။

"နှစ်ဖက်လုံးဟာမှားတယ် ကံကြမ္မာကိုပြောင်းလဲယူချင်တဲ့နှစ်ဖက်လုံးဟာအပြစ်ရှိတယ်။ ကိုယ်သိထားတာလောက်နဲ့ အမှန်ကြီးထင်မနေနဲ့။ ဘယ်ကံကြမ္မာကမှ ရှောင်လွဲလို့မရဘူး"

"အဲ့တော့ ခင်ဗျားက ကျွန်တော့်ကိုဘာတွေများထပ်ဖြစ်စေချင်သေးလို့လဲ"

ရင်ဘတ်ကဝတ်ရုံစကိုဆုပ်ကိုင်ထားတဲ့ လက်တွေဟာ သာမန်ထက်ပို၍တင်းကြပ်လာသည်။ မျက်နှာပေါ်က မျက်ရည်စီးကြောင်းတို့ကိုမသုတ်အား ရှေ့က
သေချာမမြင်ရသော အဖြူရောင်အလင်းတန်းနားသို့
ခြေတစ်လှမ်းတိုးကာ စကားဆိုလာသည်။

"ဘဝကိုစတေးတဲ့သူက စတေးတယ်။ နှလုံးသွေးကို တုံဆိုင်းချင်းမရှိဖောက်ထုတ်ပေးသူကဖောက်ထုတ်ပေးတယ်။
ပြန်မတွေ့နိူင်တော့တဲ့သူကို မျှော်နေတဲ့သူကမျှော်နေတယ် သူ့တစ်ဘဝလုံးမျှော်နေမှာကျိန်းသေပေါက်ပဲ။
အနာဂတ်မှာဘာဆက်မယ်မှန်းမသိကြပဲနဲ့ မိုက်ရူးရဲဆန်လိုက်ကြတာ။ မင်းမှာရွေးချယ်ခွင့်မရှိတော့ဘူးဆိုပေမဲ့ နတ်မင်းတစ်ပါးရဲ့ကောင်းချီးဟာ မင်းခန္ဓာကိုယ်မှာလဲရှိနေတဲ့အတွက် ရွေးချယ်ခွင့်ရှိမယ်"

"ဘယ်အရာတွေက်ု ကျွန်တော်ကရွေးချယ်ရမှာလဲ"

"မင်းရဲ့တိုင်းပြည်နဲ့တိုင်းသူပြည်သားတွေရယ်
ဒါမှမဟုတ် မင်းရဲ့ကြင်ယာတော်ရယ်.."

Imaginary SphereWhere stories live. Discover now