Ep 19 (Uni)

277 51 6
                                    



ချန်းယောလ်က စောစောထတတ်တဲ့သူပေမဲ့ ဒီနေ့ကျ
အတော်ကြာအိပ်ပျော်သွားခဲ့တယ်။ နေရဲ့အလင်းရောင်ကအခန်းထဲကို တော်တော်လင်းထင်းနေတာကြောင့် ထတာနောက်ကျသွားပြီမှန်းသိလိုက်ပေမဲ့ သူမထချင်သေးဘူး ။သူကနိုးနေတာတော်တော်ကြာနေပေမဲ့သူ့ကိုကျောပေးအိပ်နေတဲ့ ကြင်ယာတော်လုံးလုံးလေးကတော့ ခုထိတုတ်တုတ်တောင်လှုပ်မလာသေး။ ချန်းယောလ်ကအကြာကြီး အဲ့ကျောပြင်လေးကိုပဲထိုငိငေးနေခဲ့တာ

"အင့်"

ပါးစပ်က အင့်ကနဲအသံလေးထွက်လာပြီး လှုပ်စိစိနဲ့ချန်းယောလ်ဘက်ကိုလှည့်လာတယ်။ မျက်လုံးတွေကပွင့်မလာသေးပဲ လျောကျနေတဲ့စောင်ကို လိုက်စမ်းနေတာကြောင့် ချန်းယောလ်ကစောင်ကိုခပ်ဝေးဝေးကိုကန်ထုတ်လိုက်ပြီး အရှေ့ကသေးသေးလုံးလုံးလေးကိုရင်ခွင်ထဲနစ်မြုပ်နေအောင်ဖက်ထားလိုက်တယ်

"နွေးလိုက်တာ.."

ရင်ခွင်ကျယ်ကြီးထဲကလေးလေးလို တိုးဝှေ့ဝင်နေတာကြောင့် ချန်းယောလ်ကပိုတိုးလို့ဖက်လိုက်တယ်။ ညအိပ်တာတောင်နဖူးစည်းကို ဘတ်ဟျွန်းကချွတ်မထားတာကြောင့် လျော့လျော့ရဲရဲ နဖူးစည်းကဘတ်ဟျွန်းနဖူးကိုကျော်ပြီး ဆံသားနုနုပေါ်မှာ ရောက်လုနေပြီ

တစ်နေ့တစ်ခြား ပိုထင်းလာတဲ့နဖူးပြင်ငယ်ပေါ်ကအမှတ်အသားကို ချန်းယောလ်သတိထားမိပါရဲ့။ အပြာနုရောင်ကနေ မှင်ပြာရောင်လို တဖြည်းဖြည်းနဲ့ အရောင်ကနက်နက်လာတာ..ထူးဆန်းတဲ့အမှတ်အသားဟာသူတို့ကြားထဲကိုဘာများချိတ်ဆက်ပေးချင်သလဲတော့ မသိပေမဲ့ အရာအားလုံးအပြာရောင်ဖြစ်သွားတာကတော့ထူးဆန်းလွန်းတယ်မလား

"ဗြောင် ထတော့တအားအိပ်ရင်ခေါင်းတွေကိုက်နေလိမ့်မယ်"

ဖက်ထားရင်းကျောလေးကိုဖွဖွလေးပုတ်နှိုးတော့ အနှီကောင်လေးကလှုပ်ပင်မလာ။ ထို့အတွက်ကြောင့်အသံကိုနည်းနည်းထပ်တင်ကြည့်မိသည်

"အချစ်လေး ထပါဦး"

ကျောလေးကိုပုတ်သိပိပေးနေသည့်အလား တအီအီအော်ရင်း ရင်ဘတ်ထဲကိုသာပိုလို့တိုးဝှေ့ဝင်လာသည်။

Imaginary SphereWhere stories live. Discover now