Ep 8 (Uni)

498 108 11
                                    


နမ်းတယ်ဆိုတာက ဘတ်ဟျွန်းတစ်ခါမှမလုပ်ဖူးတဲ့အလုပ်။ ငယ်ငယ်ကတော့မိဘတွေ ပါးကိုနမ်းဖူးကောင်းနမ်းဖူးနိုင်ပေမဲ့ ရည်းစားမထားဖူးတဲ့၂၁ရာစုကဘတ်ဟျွန်းလေးက သူစိမ်းတစ်ယောက်ကိုမနမ်းဖူးသေးဘူး။

လီယောလ်ကို ပစ်ပစ်ခါခါကြီးမုန်းနေတာမဟုတ်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သူတို့နှစ်ယောက်အကြောင်းကိုနားထောင်ရမယ်မလား..ဟိုဘက်ပြန်ရောက်လို့ဒီအကြောင်းကိုဝတ္ထုရေးပြီးအောင်မြင်ရင် ဘီလျံနာကြီးထိုင်လုပ်ပစ်လိုက်မည်။ ခပ်ချောချောလူကိုနမ်းရမဲ့အပြင် ဘီလျံနာပါဖြစ်မှာဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဘတ်ဟျွန်းတို့ပွပေါက်တိုးပြီဖြစ်သည်။

စိုက်ကြည့်နေတဲ့ လီယောလ်မျက်လုံးတွေကိုအကြည့်လွှဲလိုက်ပြီးမျက်လုံးကိုမှိတ်ပစ်လိုက်သည်။အူယားစရာကောင်းလွန်းတဲ့ ဘတ်ဟျွန်းကိုကြည့်ပြီး လီယောလ်ကတိတ်တိတ်လေးခိုးရယ်တယ်။ ရယ်လိုက်လို့ရှက်သွားမှ ဗြောင်လေး မနမ်းတော့ရင်ဒုက္ခ။

နှုတ်ခမ်းပေါ်မဟုတ်ပေမဲ့ ဘတ်ဟျွန်းထိကပ်လာတာက လီယောလ်ရဲ့ညာဘက်ပါးပြင်ပေါ်က ပါးချိုင့်လေးပေါ်ကို..

"မင်းကြီးမဟုတ်ပဲ ပါးချိုင့်လေးလို့ခေါ်ချင်တယ်ရလား"

လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကဗြောင်လေးကလဲအဲ့အတိုင်းပဲ။ သူစိတ်ကြည်နေရင်လီယောလ်ကိုပါးချိုင့်လေးလို့ခေါ်တတ်တယ်။ လီယောလ်ကဘာမှမပြောရသေးခင်မှာပဲ ဘတ်ဟျွန်းကပါးချိုင့်လေးထဲလက်ညိုးလေးထိုးလာတယ်။

"နမ်းပြီးပြီလေ ပြောပြတော့ "

ပါးပေါ်မှာရှိနေတုန်းဖြစ်တဲ့ဘတ်ဟျွန်းလက်ကိုလီယောလ်က လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်လာတယ်။ အခန်းထဲမှာရှိတဲ့ တစ်ခုထဲသောဖယောင်းတိုင်မီးကိုလီယောလ်က လေနဲ့ခပ်ပြင်းပြင်းမှုတ်ထုတ်ပစ်လိုက်တယ်။

မင်းကြီးဝတ်ရုံတော်အနီကို လက်တစ်ဖက်ထဲနဲ့ဆွဲချွတ်တယ် အဲ့တစ်ထည်ချွတ်ရုံနဲ့မလုံလောက်သေးဘူး ။အတွင်းဝတ်အဖြူကိုပါချွတ်ပစ်လိုက်တယ်။

"ကျွန်တော်..ကျွန်တော်ပြောတာ အကျီချွတ်ခိုင်းတာမဟုတ်ဘူးလေ"

"ဗြောင့်အကျီကိုပါချွတ်လိုက်"

လက်ရဲဇာတ်ရဲရှိလှတဲ့မင်းကြီးက အတွင်းဝတ်ရုံပဲဝတ်ထားတဲ့ဘတ်ဟျွန်းရဲ့အကျီကိုပါဆွဲချွတ်လာတယ်။

"ခင်ဗျား ဖယ်"

ဘတ်ဟျွန်းရဲ့လက်တစ်ဖက်ကိုဆွဲယူပြီး လီယောလ်ကသူ့ဘယ်ဘက်ရင်ဘတ်ပေါ်တင်ပေးလာတယ်။အကျီတွေမရှိတော့တဲ့ ဘတ်ဟျွန်းလက်တွေအောက်ကလီယောလ် ရင်ဘတ်ပေါ်မှာ ခပ်ထူထူအရာတစ်ခုစမ်းမိတယ်။

"ဒီအမာရွတ်က ဗြောင်ရဲ့ကျောနောက်က အမှတ်နဲ့ တစ်ပုံစံထဲပဲ"

ဘတ်ဟျွန်းငယ်ငယ်ထဲက ကျောနောက်မှာမိုးကြိုးပုံစံအမှတ်လေးရှိတယ်။ရေချိုးပေးတိုင်းမေမေပြောပြလို့သိခဲ့ရတာဖြစ်ပြီး မှန်ရှေ့မှာကြည့်ရင်အမာရွတ်လေးကတစ်မျိုးလှတယ်။

လီယောလ်စကားအဆုံးမှာ ဘတ်ဟျွန်းတစ်ကိုယ်လုံး
ဓာတ်လိုက်သလိုကျင်တတ်သွားရတယ်။ တစ်ခုခုကိုအမှတ်ရလာသလိုဖြစ်ပေမဲ့ မှတ်ဉာဏ်တွေက ဝေဝေဝါးဝါး..
ဘတ်ဟျွန်းရှေ့က လီယောလ်ရဲ့မျက်လုံးတွေက
တစ်မုမဟုတ်ချင်း အပြာရောင်ကိုပြောင်းလဲသွားတယ်။

"အဲ့အမှတ်အသားက ကျိန်စာအမှတ်သားဖြစ်ပြီး
ကိုယ်တို့နှစ်ယောက်ရဲ့အချစ်သင်္ကေတဆိုလဲ ဟုတ်တယ်"

စည်းဖောက်ဖျက်မိရင်အပြစ်ဒဏ်သင့်မယ်ဆိုတာသိပေမဲ့ လီယောလ်ကဘတ်ဟျွန်းကလွဲရင်ကျန်တာမစဉ်းစားချင်ဘူး။နှစ်ပေါင်း၁၀၀ကျော်တောင်စောင့်ခဲ့ပြီးပြီပဲ။ ဘတ်ဟျွန်းလဲအမှန်တရားကိုသိချိန်တန်ပြီမလား။

"ယောလ် ယောလ် ပါးချိုင့်ကလေး ဟင့်.."

စည်းဖောက်မိတဲ့သူကချက်ချင်းအပြစ်ဒဏ်ခံရတယ်။ မေ့သွားတဲ့ဘတ်ဟျွန်းရဲ့အတိတ်ကိုပြန်လည်တူးဖော်ခွင့်မရှိဘူး။ ချန်းယောလ်က မျက်လုံးတွေမှိတိကျသွားပြီး ခန္ဓာကိုယ်မှာအနီရောင်အစက်တွေထွက်လာတယ်။

"မချစ်တာမဟုတ်လို့ ထပါဦး ထပါဦးလို့"

ငိုနေတဲ့ဘတ်ဟျွန်းအသံလေးကို ခပ်သဲ့သဲ့ကြားပေမဲ့
ချန်းယောလ်ကမျက်လုံးဖွင့်ဖို့အားမရှိတော့ဘူး..

ဘတ်ဟျွန်းကျောပြင်ကအမှတ်က လွန်ခဲ့တဲ့နှစ်တစ်ရာက ဝိညာဉ်ချုပ်ဓားရဲ့ဒဏ်ရာဖြစ်ခဲ့ပြီး ချန်းယောလ်ရင်ဘတ်က အမာရွတ်ကဘတ်ဟျွန်းအသက်ဆက်ဖို့ နှလုံးသားကိုခပ်နက်နက် ထိုးစိုက်ခဲ့တဲ့ ဒဏ်ရာဖြစ်ခဲ့တယ်။ ဘတ်ဟျွန်းအသက်ရှင်ဖို့တစ်ခုထဲသောနည်းလမ်းဖြစ်တဲ့ နှလုံးသွေးကို လီယောလ်ကဖောက်ထုတ်ပေးခဲ့တာဖြစ်တယ်..

Imaginary SphereWhere stories live. Discover now