Ep 27 (Uni)

315 47 2
                                    


"ဟဲ့နင်တို့ မြင်လိုက်တယ်မလား လုံးဝအကြွေဆင်ကြီးဟယ်"

"သူ့နားမှာနေရရင် အိမ်သာပဲဆေးရဆေးရ မိလ္လာတွင်းပဲတူးရတူးရ ငါလုပ်မှာ စောက်ရမ်းချောတာဟေး.."

"ကောင်မတွေနော် အခုခေတ်ကအကြွေဆင်တွေက ရှတာများတာနော် မမှတ်သေးဘူးလားနင်တို့"

"ရှရှဟယ် သူ့မျက်နှာလေးကြည့်နေရရင်ကို ဗိုက်ဝနေပြီ"

ရုံးခန်းအတွင်း ခပ်တိုးတိုး အချင်းချင်းပြောဆိုနေကြသည်မှာ အသစ်ရောက်လာတဲ့မန်နေဂျာကြောင့်ပင်။ စိမ်းဖန့်ဖန့်သွေးကြောတွေက အကျီဖြူဖြူက်ုခေါက်တင်လှစ်ဟပြထားသည့် လက်ဖျံဝယ် အပြိုင်းပြိုင်းထနေ၏။ ဂျယ်ဖြင့်သေချာသပ်တင်ထားသည့် ဆံပင်နက်နက်တို့မှာ ခေါင်းပေါ်တွင် တောက်ပြောင်ကာ ပုံစံတကျ။ မျက်ခုံးမျက်ဖန်ကောင်းကောင်းနှင့် နှာတံထင်းထင်းထိုယောက်ျားမှာ ရုံးခန်းအတွင်းဖြတ်လျှောက်သွားသည်မှာ တည်တည်ငြိမ်ငြိမ်ပင်။ရှည်လျားသောအရပ်က ၆ပေလောက်ဟုယူဆနိုင်ကာ ဖိနပ်ကအစနက်ပြောင်၍ မျက်စိတစ်ဆုံးငေးပစ်ချင်စရာကောင်း၏။

အမူးပြေဟင်းချိုတစ်ခွက်နှင့် ဖြစ်သလိုစားခဲ့သောမနက်စာမှာ ဗိုက်မပြည့်သေးပေမဲ့ ပိုက်ဆံရှာရမည်ဖြစ်တာကြောင့် ဘတ်ဟျွန်းကရုံးကို အလျင်မှီအောင်သွားရတော့၏။ အမူးသိပ်မပြေချင်သေးရတဲ့အထဲ
ဘတ်စ်ကားမှာ ကြပ်နေတာကြောင့် အသက်ရှုတွေပင်ကြပ်လာရတဲ့အထိပင်။

ရုံးနားကမှတ်တိုင်မှာ ဆင်းကာလေပူတစ်ချက် ဟင်းကနဲမှုတ်ထုတ်မိတော့သည်။ အလာတုန်းက ခန့်ခန့်နဲ့သန့်သန့်လေးဆိုပေမဲ့ ဘတ်စ်ကားပေါ်ကဆင်းအပြီးမှာတော့ ချွေးထုတ်ခန်းထဲကထွက်လာတဲ့ ပေါက်စီလို ချွေးတလုံးလုံးဖြူဖြူဥဥလေးဖြစ်နေသည်။

"ပိုက်ဆံမရှိတဲ့ဘဝကြီးက မကောင်းပါဘူးကွာ
ပူလိူက်တာ ..ဟူး ချောမောတဲ့ရုပ်ရည်က ကယ်နေပေလို့"

လွယ်အိတ်ကိုသေချာပြန်လွယ်လိုက်ရင်း ဘတ်ဟျွန်းကပျင်းရိဖွယ်ကောင်းတဲ့ နေစဉ်ဘဝထဲပြန်လည် လည်ပတ်ရတော့မည်ဖြစ်သည်။

"ဘတ်ဟျွန်း ဘတ်ဟျွန်းမလား"

လုပ်ဖော်ကိုင်ဖက်တချို့က တွတ်ထိုးနေရင်းမှ ဘတ်ဟျွန်းရှေ့ကိုပြေးလာကြသည်။ စိတ်အခြေနေသိပ်မကောင်းတာကြောင့် ဘတ်ဟျွန်းကခပ်ယဲ့ယဲ့လေးပြန်ပြုံးပြဖို့ပဲ တတ်နိုင်သည်။

Imaginary SphereWhere stories live. Discover now