"ကြင်ယာတော်ပြန်ရောက်လာပြီးမှ မင်းကြီးကမိဖုရားအဆောင်တွေဘက်ကတောင် ဖြတ်မလျှောက်တော့သလိုပဲနော်"မိဖုရားငယ်နှစ်ပါးက လမ်းလျှောက်ထွက်လာရင်း ခပ်တိုးတိုး ခပ်ကြိတ်ကြိတ် ပြောနေသည်။
"တကယ်ဆို မင်းကြီးကတခြားမိဖုရားတွေနဲ့သာ သိပ်မရင်းနှီးတာ မိဖုရားကြီးနဲ့ကျတော့တပူးပူးတတွဲတွဲနဲ့နော်"
"သူတို့နှစ်ယောက်အိပ်ဆောင်ဝင်တာ မြင်ဖူးလို့လား"
"အိပ်ဆောင်တော့မဝင်ပေမဲ့ တစ်ချို့ညတွေဆိုရင်
ဥယျာဉ်တော်မှာ လမ်းလျှောက်နေတာမြင်ဖူးတယ်
တစ်ခါတစ်လေကျမင်းကြီးပြုံးနေရော ခုကြင်ယာတော်ကဘယ်လိုနည်းတွေနဲ့ မြူစွယ်ထားလို့ အနားကနေမခွါနိုင်အောင်ဖြစ်နေရတာလဲ""မင်းကြီးက အသစ်အဆန်းလေးပြန်ရောက်လာလို့ မိဖရားကြီးကိုမကပ်တော့တာများလား ဘာပဲဖြစ်ဖြစ်နန်းဆက်အတွက်ဆို အနောက်နန်းဆောင်ဘက်ကမိဖုရားတွေကိုပဲ အားကိုးရမှာပဲဟာ"
မျက်နှာချေကို မတရားဖို့ထားပြီး ရဲရဲတောက်နေတဲ့
ပါးနီနဲ့ နှုတ်ခမ်းနီတွေနဲ့အမျိုးသမီးနှစ်ယောက်ဟာ
တစ်ယောက်စကား တစ်ယောက်သဘောကျဟန်နဲ့ အချင်းချင်းတွန်းထိုးနေကြတယ်။ခိုးနားထောင်တာမဟုတ်ပေမဲ့နားပါးလွန်းတဲ့ ဘတ်ဟျွန်းက စားဖိုဆောင်ကိုအသွား ကျောပေးရပ်နဲ့ခပ်တိုးတိုးဆိုနေတဲ့ စကားတွေကိုကြားရပေမဲ့ လက်သီးခပ်ကျစ်ကျစ်ဆုပ်ရုံမှတစ်ပါး ဘာမှပြန်မတုံပြန်ခဲ့
ယောက်ျားသားကြင်ယာတော်မို့ အထင်သေးလေသလား။ သူတို့စကားထဲအခုလိုထိ ဘတ်ဟျွန်းကမင်းကြီးကိုမြူစွယ်သလိုထည့်ပြောရလောက်တဲ့အထိလေ
"ကျစ်.."
မနက်စောစော စိတ်အာရုံတွေက တီးတိုးကြားလိုက်ရတဲ့စကားတွေကြားညစ်နွမ်းသွားခဲ့ရပြီဖြစ်တယ်။ စားဖိုဆောင်ကိုသွားပြီး မင်းကြီးအတွက် မုန့်လေးကိုယ်တိုင်လုပ်ပြီး ပို့ပေးချငိတာကြောင့် အိပ်ယာထပျင်းတဲ့ ဘတ်ဟျွန်းက အစောကြီးထလာခဲ့ရတာ ။ ဒီကိုရောက်လာထဲကစိတ်ချမ်းသာတဲ့ရက်တွေဆိူတာ လက်ချိုးတောင်ရေလို့ရသည်။
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်