Ep 31 (Uni)

252 49 1
                                    

စာရွက်များတဖျတ်ဖျတ်လှန်သံက ငြိမ်သက်နေသောအခန်းငယ်တွင်း ကြီးစိုးနေသည်။ နံဘေးနားတွင်ထပ်ထားသော စာအုပ်များမှာတစ်ပုံကြီးပင်ရှိနေသော်လဲ အကြင်သူက စာအုပ်စင်ပေါ်မှစာအုပ်များယူခြင်းကို မရပ်တန့်သွားသေး။

ရပ်တန့်သွားသောစာမျက်နှာတစ်ခုတွင် စာလုံးကြီးဖြင့် မဲနက်နေအောင်ရေးထားသောစာရွက်တစ်ရွက်

Parallel Universe & Time travel
(အပြိုင်စကြာဝဠာနှင့် အချိန်ခရီးသွားခြင်း)

ဤကမ္ဘာပေါ်တွင်လူသားတို့၏မျက်စိနှင့် တပ်အပ်မမြင်နိုင်သော သဘာဝလွန်အရာများစွာရှိပေသည်။ မြင်အပ်သောအရာ မမြင်အပ်သောအရာဟူ၍ ကမ္ဘာဦးအစထဲကပိုင်းခြားထားပြီး မျိူးတူရာအစုတို့သာသီးသန့် ရှင်သန်နိုင်ကြပေသည်။ သို့သော် မမြင်ရသောစည်းများ အားနည်းကာ စည်းပေါက်လာသောအခါတွင်မူ အပြိုင်စကြာဝဠာသို့ရောက်ရှိသွားခြင်းနှင့် အချိန်ခရီးသွားခြင်းများဖြစ်ပေါ်လာသည်။ စည်းပါးတိုင်း မိမိစိတ်အလိုရှိသလို မကူးပြောင်းနိုငိသော်လဲ တစ်စုံတစ်ဦး၏ထက်သန်ပြင်းပြစွာ
သဘာဝလွန်နည်းလမ်းများနှင့်ဆင့်ခေါ်မှု မှော်ဆန်သောအမှတ်အသားများကြောင့်လဲ ကူးပြောင်းနိုင်စွမ်းရှိကြပေသည်။ သို့ရာတွင် ထိုသို့ကူးပြောင်းရာမှာ မိမိနေထိုင်ရာလောကမဟုတ်သည့်အတွက် အချိန်ကြာမြင့်စွာနေထိုင်နိုင်ခြင်းရှိကြမည်မဟုတ်ချေ။ ဝိညာဉ်ဖက်ချည်နှောင်ချင်းပြုနိုင်သည့် မှော်ဆန်သောအမှတ်အသား တည်ရှိသူတို့သည်မှသာ မိမိအလိုရှိရာကမ္ဘာတွင်ထာဝရ နေထိုင်နိုင်လိမ့်ပေလိမ့်မည်။ ထူးခြားချက်မှာ လပြည့်လကွယ်ညတွင် ထိုကူးပြောင်းလာသောသူတို့တွင် တစ်နည်းမဟုတ် တစ်နည်းထူးခြားပေလိမ့်မည်။ လပြည့်ညတွင် ကောင်းသောစွမ်းအင်များ ကိန်းဝပ်၍ လကွယ်ညတွင်မူ အမှောင်စွမ်းအားများ
ကိန်းဝမ်နေပေလိမ့်မည်။ ဉာဏ်ရှိသလို အသုံးချကြကုန်။

အပြိုင်စကြာဝဠာတွင် မိမိနှင့်တစ်ပုံစံထဲတူသောသူ ရှိနိုင်ပေသည်။ လူအနည်းစုသည်သာ အပြိုင်စကြာဝဠာတွင်
မိမိနဲ့တစ်ပုံစံထဲတူသောကိုယ်ပွါးမရှိကြပေ။ ကိုယ်ပွါးနဲ့ မူလကိုယ်သည် တစ်ထေရာထဲတူသော်လဲ တိတိကျကျကွဲပြားသောတစ်နေရာရှိကြ၏။  သို့ရာတွင် ကိုယ်ပွါးများသည် အားကြီးသူကိုယ်ပွါးမှ အားနည်းသူကိုယ်ပွါးအား လပြည့်လကွယ်တွင်ထိန်းချုပ်နိုင်စွမ်းရှိကြလေသည်။ ကောင်းသောလွှမ်းမိုးမှူသည်လပြည့်ညမှာ အောင်မြင်နိုင်ချေရှိပြီး ဆိုးယုတ်သောလွှမ်းမိုးမှုသည် လကွယ်ညတွင်အောင်မြင်နိုင်ပေသည်။ မိမိ မျက်စိရှေ့တွေ့မြင်နေရသူတို့သည်တစ်ဖက်စကြာဝဠာမှ ကိုယ်ပွါးသော်လည်းကောင်း ကိုယ်ပွါးမရှိသည့် အချိန်ခရီးသွားလာသူလည်းကောင်းဖြစ်နိုင်ပေသည်။ ထိုအချိန်ခရီးသွားသူသည် မှတ်ဉာဏ်များပျောက်ဆုံးနေသည်လည်း ဖြစ်တန်ရာ၏။ စကြာဝဠာနှစ်ခုကြားတွင် တစ်ဖက်ကမ္ဘာမှ မှတ်ဉာဏ်ပါလာဖို့ရာ အလွန်ဖြစ်နိုင်ချေနည်းလေသည်။ တစ်သက်လုံးမမှတ်တော့သည်က ရာခိုင်နှုန်းပိုများ၏။ မှတ်ဉာဏ်များပြန်ပေါ်လာနိုင်သည်ကိုကား တစ်ခါမှသုတေသနမပြုလုပ်ဖူးချေ။

Imaginary SphereWhere stories live. Discover now