" တစ် နှစ် သုံး လေး.."
ဒီနေ့မှ ဓာတ်လှေကားကပျက်နေတာကြောင့် ၆လွှာမှ CEO ရုံးခန်းကို ကော်ဖီဖျော်ပေးရန်အတွက် အတွင်းရေးမှူးအသစ်လေး ဘတ်ဟျွန်းသည် လှေကားတွေကို ရေတွက်ရင်း ပျင်းတိပျင်းရွဲ တတ်နေရရှာ၏။
"ကော်ဖီ ကော်ဖီ ဟင်! ကော်ဖီမှုန့်တွေက ကုန်ပြီလား ငါဖျော်ပေးရမဲ့အလှည့်ကျမှလေ အား....."
ဇီဇာကြောင်သော CEO ဖုန်းဆက်မခေါ်ခင် လှေကား၆ထပ်ကို ပြေးဆင်းပြီး အနီးနားရှိ စတိုးဆိုင်တွင် ဘတ်ဟျွန်းမှာ ကော်ဖီမှုန့်ဆင်းဝယ်ရင်း ဟောဟဲဆိုက်နေလေသည်။
မိနစ်၂၀ကြာပီးနောက်တွင်မူ ဘတ်ဟျွန်းလက်ထဲတွင်
အငွေ့တစ်ထောင်းထောင်းထသော ကော်ဖီခွက်ကလေးရရှိလာခဲ့လေသည်။"ဒန်တီးတီးဟိုင်း ဒန်တီးတီးဟေး မင်းဘယ်မှာလဲ အချစ်ကလေး~~~"
သီချင်းကိုခပ်တိုးတိုး ငြီးရင်းဘတ်ဟျွန်းသည် ဖင်လေးလှုပ်ကာ အချစ်ကလေးရှိရာ ရုံးခန်းသို့လျှောက်လာခဲ့တော့သည်။
____________"အတွင်းရေးမှူး နေရာ တို့ကို မပေးချင်ဘူးလား Loey"
"ချွဲမင်ဟီး မင်းဘာဖြစ်နေတာလဲ"
ပုံမှန်ဆို ပန်းဆီရောင်ပြေပြေ နှုတ်ခမ်းနီပဲဆိုးလေ့ရှိသူက
ဒီနေ့မှာတော့ သူမတူစွာ ရဲရဲတောက်နေသောနှုတ်ခမ်းနီနှင့်
၆လက်မခန့်အမြင့်ရှိသောဒေါက်ကိုစီးကာ တိုကပ်ကပ်စကပ်ကိုဝတ်ပြီး အလုပ်လုပ်နေသော Loeyထိုင်ခုံဘေးဘောင်တွင်ထိုင်ကာ တွယ်ကပ်နေ၏"ဘယ်လိုပဲ သူငယ်ချင်းဆိုဆို သူများတွေမြင်ရင် မကောင်းဘူး ဆိုဖာပေါ်မှာသွားထိုင်"
"ဒေါက် ဒေါက်"
"ဝင်လာခဲ့ပါ.."
"ကော်ဖီရပါပြီ"
ဘတ်ဟျွန်း ကော်ဖီခွက်လေးမှာလမ်းတစ်ဝက်တင် ဆွဲလုခံလိုက်ရလေသည်။
"ဒါ တို့သောက်လိုက်မယ်နော် သူ့ကိုထပ်ဖျော်ပေးလိုက် ကောင်လေး"
"ဟင်"
မူးနေသောထိုညက ထိုအမျိုးသမီးကိုတစ်စုံတစ်ယောက်နှင့် တူသည်ဟုထင်မှတ်ခဲ့သော်လဲ ဘတ်ဟျွန်းမှာ သူအမှတ်မှားသည်ဟုထင်ကာ မေ့ဖျောက်ထားပေမဲ့ အခု သူရှေ့က အမျိုးသမီးက ဆံထုံးကြီးတွေမရှိတော့သော မိဖုရားကြီးနှင့်ချွတ်စွပ်တူလေ၏
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်