နန်းပြင်ကိုထွက်ပြီး တော်တော်ကြာကြာလေးလျှောက်မိတော့ စီတန်းရောင်းနေကြတဲ့စျေးသည်တွေနဲ့ ပြေးလွှားနေတဲ့ကလေးငယ်တွေ ကြက်တိုက်နေတဲ့လူအစုတွေ အမျိူးမျိူးအဖုံဖုံကိုဘတ်ဟျွန်းတွေ့လိုက်ရပါ၏။ ဒီခေတ်မှမဟုတ်ပဲ အရင်ခေတ်ထဲက လူတန်းစားခွဲခြားမှူကလဲရှိနေသေးပြန်တယ်။ ပိုးထည်ဝတ်ထားတဲ့ကောင်လေးနှစ်ယောက်က ဖျင်ထည်ဝတ်ထားတဲ့ကောင်လေးရဲ့ခေါင်းကိူ တစ်ယောက်တစ်လှည့်စီပိတ်ရိုက်နေတာကြောင့် ဘတ်ဟျွန်းကလက်ပိုက်ရပ်မနေနိုင်တော့.."ဟဲ့ကောင်မင်းခိုးတာမလား ဟမ် ပြန်ပေးစမ်း"
ပြောလဲပြောရိုက်လဲရိုက်နဲ့ အနှီကောင်လေးရဲ့လက်မှမုန့်ဖြူဖြူလေးက မြေပြင်ကိုဘုတ်ကနဲကျသွားရသည်။
ပြန်ရန်မလုပ်သောကောင်လေးက သူ့မုန့်ကလေးလက်ထဲကပြုတ်ကျကာမှ ထငိုပါတော့သည်။
"ဟေ့ကောင်တွေ မင်းတို့ဘာလို့အနိုင်ကျင့်နေတာလဲ"
"ခင်ဗျားကဘာမို့လဲ သူများကိစ္စဝင်ပါတာလဲ
ကျုပ်ကဝန်ကြီးရဲ့သား ခင်ဗျားခေါင်းပြတ်သွားချင်လား""အနိုင်ကျင့်နေတာမင်းတို့လေ မင်းကြီးနဲ့ပြန်တိုင်လိုက်မှ မျိုးတုံးသွားမယ် သွားအခုထွက်သွား"
မင်းကြီးအသံကြားတာရော ဘတ်ဟျွန်းကမျက်လုံးပြူးပြလိုက်တာရောကြောင့် ကလေးနှစ်ကောင်က ပြေးတာမှတစ်ချိုးထဲ
"စောင်မျိုးမစစ်တွေ"
ပြုတ်ကျသွားတဲ့မုန့်ဖြူဖြူလေးကို မြေပေါ်ကကောက်ပေးလိုက်ပြီး ပေနေတဲ့ဖုန်တွေကိုအကျီအနားစနဲ့သုတ်ပြီး ငိုနေတဲ့ကလေးလက်ထဲပြန်ထည့်ပေးလိုက်သည်။
"မငိုနဲ့တော့ ဒါလေးစား"
"အောက်ကျသွားပြီ သခင်လေးရဲ့"
"အစ်ကိုဆို အောက်ကျသွားလဲဖုန်ခါပြီးစားနေကျ
လက်ပေရင်တောင်အကျီနဲ့ပဲသုတ်တာလေ"ပြောပြောဆိုဆို အရှေ့ကပေလူးနေတဲ့ကလေးမျက်နှာကို အကျီစကိုဆွဲကိုင်ပြီး ထပ်သုတ်ပေးလိုက်သေး၏
"သခင်လေးက ပေါက်ကရတွေလုပ်တတ်ပေမဲ့ စိတ်ထားကောင်းတော့ကံကောင်းမှာပါ"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်