Ep 9 (Uni)

487 120 10
                                    



"သမားတော်ခေါ်ပေးကြပါ မင်းကြီးမေ့သွားလို့ သမားတော်ခေါ်ပေးကြပါလို့"

ရင်ခွင်သေးသေးလေးထဲမှာ မေ့နေတဲ့လီယောလ်ကိုပွေ့ပိုက်ထားရင်း ဘတ်ဟျွန်းကငိုလို့အော်ခေါ်တယ်။
တစ်ခါမှမသိဖူးတဲ့လူတစ်ယောက်က ဘတ်ဟျွန်းနှလုံးသားကို နာကျင်စေနိုင်ခဲ့တယ်

ဝိညာဉ်ချုပ်ဓားက အထိုးခံရတဲ့လူတင်သာမက ထိုးတဲ့လူကိုပါသက်ရောက်မှုရှိတယ်။ ကျိန်စာကနှစ်ဦးနှစ်ဖက်အစွမ်းပြပေမဲ့ ထိုးတဲ့သူရဲ့ကျိန်စာကမသိမသာသက်ရောက်မှုပိုပြင်းတယ်။ အတွင်းထဲမှာလှိုက်စားသလိုမျိုး အပြင်ဘက်မှာတော့မပေါ်ပေမဲ့ သက်ရောက်မှုကပြင်းတာဖြစ်တယ်

နှလုံးသွေးကိုဖောက်ထုတ်ပေးခဲ့ရတဲ့အထိ ချစ်ခဲ့ရတဲ့
လီယောလ်က ကျိန်စာမပြယ်သေးတဲ့ဘတ်ဟျွန်းရဲ့
နှလုံးသားကို ဘဝအဆက်ဆက်ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ဦးနှောက်ကမမှတ်မိပေမဲ့ နှလုံးသားကအမှတ်ရပြီး အလိုလိုနာကျင်ရတယ်။

မင်းကြီးခေါင်းဆောင်းကို အသာချွတ်ပေးလိုက်ပြီး
ချွေးစို့နေတဲ့နဖူးပြင်ကို အကျီစနဲ့ အသာဖိသုတ်ပေးနေမိတယ်။ မလိမ်ချငိပေမဲ့လီယောလ်ကတကယ်ကိုချောတာဖြစ်တယ်။ မှိတ်ကျနေတဲ့မျက်ဝန်းတွေကစူးစိုက်ကြည့်နေရင် ဘယ်မှာနေရမှန်းမသိရအောင်ကို အနေခက်ရတယ်။ စေ့စေ့ပိတ်ထားတဲ့နှုတ်ခမ်းဖူးဖူးနဲ့ ညာဘက်ပါးပြင်က ပါးချိုင့်နက်နက်လေးဟာဘတ်ဟျွန်းသဘောကျရတဲ့အစိတ်အပိုင်းထဲကတစ်ခု။ အနီစက်တွေဟာမျကိနှာနားထိပါ ပြန့်ချင်ချငိဖြစ်လာပြီး အပူချိန်တွေပါထိုးတတ်လာတာကြောင့်ရေပတ်တိုက်ပေးဖို့ပြင်ရတယ်။

"ရေပတ်တိုက်ဖို့ပြင်ပေးပါ သမားတော်က လည်ပင်းပြတ်ချင်လို့ကြာနေတာလား"

"စိုးရွံ့မိပါတယ် သမားတော်လာနေပါပြီ ကြင်ယာတော်လေး"

"အကုန်ထွက်သွားကြ"

လူတွေမရှိတော့မှချန်းယောလ်ရဲ့ဝတ်ရုံကိုတစ်ထပ်ချင်းချွတ်ရတယ်။ မင်းကြီးရဲ့အတွင်းသားတွေကို တခြားလူမြင်ဖို့မသင့်ဘူးမလား။ မြန်မြန်ဆန်ဆန်လုပ်ပေးဖို့စဉ်းစားထားပေမဲ့ လီယောလ်ရဲ့ဗိုက်မှာ ကြွက်သားအမြှောင်းမြှောင်းတို့က လာပါထိပါဟုစွဲဆောင်နေသယောင်..

Imaginary SphereWhere stories live. Discover now