Flashback
ယှဉ်ရွေးဖို့မဖြစ်နိုင်တဲ့ တစ်စုံတစ်ခုကိုရွေးချယ်ရတဲ့အချိန်မှာ..ဥပမာပြောရရင် မိဘကိုရွေးမလား အသက်တမျှမြတ်နိုးရတဲ့ချစ်ရသူကိုရွေးမလားဆိုတဲ့အခိုက်အတန့်တွေပေါ့
လီယောလ်ဆိုတဲ့ ကိုယ်က ဂျိုဆွန်းတိုင်းပြည်ရဲ့အရှင်သခင်လဲဖြစ်သလို တိုင်းသူပြည်သားတွေရဲ့ သွေးမတော် သားမစပ် ဖခင်ဆိုလဲ မှားမယ်မထင်ဘူး။ ကံကြမ္မာက အခွင့်အရေးပေးလာခဲ့ပေမဲ့ ရွေးရမဲ့သူက ကိုယ့်ရဲ့အသက်တမျှချစ်ရတဲ့ ဗြောင်ရယ် ကိုယ်ရဲ့တိုင်းပြည်ရယ်တဲ့...
ဒါပေမဲ့အရာရာတိုင်းမှာ ဟာကွက်ရှိတယ်။ အမှတ်တမဲ့ဆုံးဖြတ်မိလိုက်ရင် တစ်ခုကသေချာပေါက်ဆုံးရှုံးမှာဆိုပေမဲ့ အဖြူရောင်အလင်းတန်းထဲကလူကြီးရဲ့ စကားထဲမှာ ဟာကွက်ကိုသူရှာတွေ့ခဲ့တယ်။ ကြင်ယာတော်ကိုရွေးမလား တိုင်းပြည်ကိုမြူမှုန်မကျန်အောင် ပျောက်ကွယ်ခံမလားဆိုတာပဲ။ လီယောလ်ရဲ့ပါးချိုင့်နက်လေးဟာ ခွက်ကနဲဝင်အောင် ပေါ်လာတယ်။
"ကျွန်တော့်တိုင်းပြည်ကိုရွေးပါမယ်"
ရွေးချယ်ရခက်တဲ့ကိစ္စဆိုပေမဲ့ သူဟာမိနစ်ပိုင်းပဲအချိန်ယူပြီး အဖြေပြန်ပေးလိုက်တယ်။ သူ့အဖြေဟာ ကြင်ယာတော်ကို လက်လွှတ်ခံလိုက်တာမဟုတ်ပဲ နှစ်ဖက်လုံးကိုရွေးချယ်လိုက်တာဖြစ်တယ်။
"ဖြောင်း ဖြောင်း ဖြောင်း"
အလင်းတန်းထဲက ထိုလူကြီးက လက်ခုပ်လက်ဝါးတီးပြီးရယ်တယ်။
"မင်းဟာ ဘုရင်ဖြစ်ထိုက်သူပဲ နှလုံးသားထက် ဦးနှောက်ကိုသုံးပြီး ရွေးချယ်ခဲ့တယ်။ မင်းဟာအရာအားလုံးနဲ့ထိုက်တန်ပါတယ်။ ဉာဏ်အမျှော်အမြင်ကြီးပါပေတယ်"
ချန်းယောလ်ဟာ ခပ်ယဲ့ယဲ့လေးပြုံးပြလာတယ်။
"နှလုံးသားကို ဥပေက္ခာပြုပြီးတိုင်းပြည်ကို ကယ်တင်ခဲ့တဲ့မင်းကို ငါတို့က မရက်စက်ပါဘူး။ မင်းနဲ့ကြင်ယာတော်ဟာ မွေးဖွားလာထဲကဝိညာဉ်ဖက်တွေ ဖြစ်ကြတဲ့အလျောက် ဘဝအဆက်ဆက် သံသရာအဆက်ဆက် ဘယ်သူကမှ ထာဝရခွဲထားလို့မရဘူး။ ဒါပေမဲ့ ကျ်န်စာတစ်ခုကြောင့် မင်းဟာဟိုဘက်ရောက်တဲ့အခါ ကြင်ယာတော်ကို မေ့သွားလိမ့်မယ်။ ဒီဘဝရဲ့မှတ်ဉာဏ်အပိုင်းအစကို မင်းကိုယ်တိုင်တူးဖော်လို့မရနိုင်ဘူး။ ကံကောင်းခဲ့ရင်တော့ ပြန်မှတ်မိလာနိုင်မယ် ဒါပေမဲ့ မင်းတစ်ယောက်ထဲအားနဲ့တော့ မဟုတ်ဘူး"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်