"ပြောပြမယ်ဆို မပြောပြဘူးလားခင်ဗျား"လက်ညိုးတထိုးထိုးနဲ့နှူတ်ခမ်းလေးထော်လိူ့ရန်စွာနေတဲ့ဘတ်ဟျွန်းကို လီယောလ်ကတိတ်တိတ်လေးခိုးရယ်တယ်။ အခုလီယောလ်ကဘတ်ဟျွန်းကို နန်းတွင်းဥယျာဉ်တော်ထဲချီခေါ်လာတာဖြစ်တယ်။
"ပြောလေ ခင်ဗျား မင်းကြီးဆိုကတိတည်"
"ကိုယ်တော်က ဗြောင့်ကိုအလွယ်တကူနဲ့ပေးသိပါ့မလား"
"ခင်ဗျားမပြောပြရင် ကိုယ့်ဘာသာလိုက်ရှာမယ်"
ဝတ်ရုံတော်အရှည်ကြီးကိူလက်နှစါဖက်နဲ့ဆွဲမရင်း
စိတ်ဆိုးဆိုးနဲ့ ဆံပင်ပေါ်ထိပင့်တင်ထားတဲ့နဖူးစည်းကိုပါလွှင့်ပစ်လိုက်တယ်။ဆံပင်ပေါ်ထိတတ်စည်းထားတဲ့ နဖူးစည်းကလွတ်ထွက်သွားတော့ ဆံစနုနုတစ်ချို့ချွေးစို့နေတဲ့မျက်နှာပေါ်ကပ်လာတယ်။"ဗြောင်.."
ဒီတစ်ခါမှာလဲလီယောလ်အလွတ်မပေးပြန်ဘူး။
ဘတ်ဟျွန်းလက်ကောက်ဝတ်ကို ဆွဲထားပြန်တယ်။"ကိုယ်တော့်ကိုအဖြေပေးပါဦး ချစ်ရဲ့လား"
ဆွဲလိူက်ချီလိုက်နမ်းလိုက် လုပ်နေတဲ့သူကိူဘတ်ဟျွန်းကချစ်စရာအကြောင်းကိုမရှိပါ။ သူ့ဟာသူရုပ်လေးချောနေတာကတော့ခြွင်းချက်ပေါ့
"ဘာလို့ချစ်ရမှာလဲ ဘောမင်းကြီးရဲ့"
လီယောလ်ကပြုံးရင်းစိတ်ဆိုးနေပုံရတဲ့ကောင်လေးရဲ့ဆံပင်နုနုလေးတွေကိုသပ်တင်ပေးလိုက်တယ်။
"ဘောဆိုတာ နန်းတော်အပြင်ဘက်က ကလေးတွေကစားတဲ့လူံးလုံးဝိုင်းဝိုင်းနဲ့အရာတစ်ခုမလား။ ကိုယ်တော့်ကို ဘောမင်းကြီးလိူ့ ပြောတာက ကိုယ်တော်ကအဲ့အလုံးလေးလိူ လုံးလုံးဝိုင်းဝိုင်းနဲ့ ဗြောင့်မျက်လုံး ချစ်စရာကောင်းနေလို့ပေါ့"
မင်းကြီးရဲ့စကားသံကျယ်ကျယ်ကြောင့် ခပ်လှမ်းလှမ်းကအထိန်းတော်တွေပါခေါင်းငုံရယ်ပြီးဘတ်ဟျွန်းတို့ကိုကျောပေးလာတယ်။
"ဒီမင်းကြီးနဲ့တော့ ရှက်လို့သေတော့မှာပဲ"
ဆဲရေးလိုက်တာကိုချစ်စကားပြောနေတယ်ထင်တဲ့
မင်းကြီးက တကယ်ကိုငတုံးပင်။ ဒီဘက်ခေတ်စကားကိုမသိတာာမှန်ပေမဲ့ လိုရာဆွဲတွေးတဲ့လိပ်မင်းကြီးက ပါးချိုင့်ကြီးခွက်ဝင်နေအောင်ပြုံးနေတာကတော့ တကယ်ချစ်စရာ..
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်