Ep 12(Uni)

423 79 9
                                    

"ကျွန်တော်မေးနေတယ်လေ နိုးလာရအောင်ခင်ဗျားကို ဘယ်သူနမ်းလိုက်တာလဲလို့"

လူရှင်းတဲ့နေရာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုဘယ်သူမှဝိုင်းမကြည့်နေကြတာတော်သေးသည်။ အာခေါင်ခြစ်အော်လိုက်တဲ့ ဘတ်ဟျွန်းအသံကစူးကနဲ..

"နန်းတော်ကျမှအေးဆေးပြောရအောင် ဗြောင်
ခပ်လှမ်းလှမ်းမှာလူတွေရှိနေတယ်မလား"

လီယောလ်ကပြောလဲပြောရင်း ဘတ်ဟျွန်းလက်ကောက်ဝတ်ကိုအသာဆွဲကိုင်လာသည်။

"မထိနဲ့ ဖယ်"

လီယောလ်ရဲ့လက်ထဲကအားနဲ့ရုန်းထွက်ပစ်လိုက်ပြီး နောက်ကိုခြေနှစ်လှမ်းဆုတ်ပစ်လိုက်ကာ

"အကိုတော်ဂျွန်မြောင်ပြောတာက အနမ်းနဲ့မှနိုးမှာတဲ့
တကယ်ချစ်တဲ့သူရဲ့အနမ်း ကျွန်တော်က တကယ်ချစ်ပြီးနမ်းမှနိုးမှာကို ခင်ဗျားက... ကျွန်တော်ကိုအရုပ်ကလေးလိုဆက်ဆံနေကြတာလား ပြောတိုင်းယုံတဲ့အရူးလို့လှောင်ပြီး လူတစ်ယောက်လုံးကိုဆော့ကစားနေကြတာလား ။
ပျော်လား ..ဟမ်..အဲ့လိုလုပ်လိုက်ရတော့ပျော်လားလို့ ကျွန်တော်မှာနန်းတော်ထဲကထွက်လာထဲက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ခြေဦးတည့်ရာဒီတိုင်းလျှောက်လာခဲ့တာ ကျွန်တော်မသိတဲ့နေရာမှာတောင် စမ်းတဝါးဝါးနဲ့ ခင်ဗျားအတွက်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ ဒီနေရာထိ ရောက်လာခဲ့တာ အဲ့တာကိုခင်ဗျားက.."

ဝမ်းနည်းစိတ်ရောရှက်စိတ်ရောကြောင့် တလိမ့်လိမ့်ကျလာတဲ့မျက်ရည်တွေကို တကူးတကမသုတ်မိတော့။ ဘတ်ဟျွန်းစိတ်ထဲမှာ နန်းတော်ကလူတွေကသူကို အရူးလေးလိုဆော့ကစားနေတယ်ဆိုတာပဲတွေးမိတော့တယ်။
ပြီးတော့ချန်းယောလ်က သူမဟုတ်တဲ့နောက်တစ်ယောက်နဲ့နမ်းလာတယ်။ အကုန်ဆက်စပ်ရင် ချန်းယောလ်ချစ်တာသူမဟုတ်ဘူးပေါ့ ။ တခြားတစ်ယောက်ကိုချစ်မိခဲ့ပြီး နမ်းလိုက်လို့အသည်းအသန်ဖြစ်နေရာက ချက်ချင်းကြီးပြန်ကောင်းလာတာပေါ့

"ကိုယ်ဘယ်သူနဲ့မှနမ်းမလာပါဘူး"

"သရုပ်ဆောင်ကောင်းတယ်နော် ဂျိုဆွန်းမင်းကြီးက"

"အကိုတော်ဂျွန်မြောင်က အချစ်စစ်လို့ပြောလိုက်တာ
မင်းကိုယ့်ကိုတကယ်ပြန်ချစ်လာမယ်ဆိုရင် ကိုယ်ကပြန်ကောင်းလာမယ် အနမ်းနဲ့ အချစ်နဲ့များမှားကြားလာတာလား ဗြောင်လေး"

Imaginary SphereWhere stories live. Discover now