အရာရာအားလုံးက စာအုပ်တစ်အုပ်ကနေစတင်ခဲ့တယ်။ စာအုပ်ကိုယူခဲ့မိတဲ့ ဘတ်ဟျွန်းရော စာအုပ်ကိုပေးခဲ့တဲ့အဘိုးရော ယုတ်စွအဆုံးဘတ်ဟျွန်းကိုဒီကမ္ဘာထဲထိဆွဲသွင်းခဲ့တဲ့ လီယောလ်ရော အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်ပေါ်လာတာပဲဖြစ်တယ်။စိတ်ထားကောင်းတဲ့သူကကံကောင်းတတ်တယ်တဲ့။ မမြင်ရတဲ့လောက ကပေးတဲ့ အပြာရောင်လိပ်ပြာသဏ္ဍာန်အမှတ်အသားကို ဘတ်ဟျွန်းက ကောင်းချီးအနေနဲ့ရရှိခဲ့တယ်။ အပြာရောင်တွေဟာ အရာအားလုံးနဲ့တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေခဲ့တယ်။ ချန်းယောလ်ရဲ့အပြာရောင်မျက်ဝန်းတွေ ဘတ်ဟျွန်းရဲ့ကောင်းချီးပေးခံရတဲ့ အပြာရောင်လိပ်ပြာသဏ္ဍာန် အမှတ်အသားနဲ့အတူ ရုတ်တရက်ဆန်စွာ ထပ်တူပြောငိးလဲသွားတဲ့ ပင်လယ်ပြာရောင်မျက်ဝန်းတွေ... အကြောင်းမရှိပဲ အလကားသက်သက်
ပေါ်ထွက်လာတဲ့အရာဆိုလို့ လောကကြီးထဲဝယ်ဘယ်အရာမှမရှိဘူး။လက်ထပ်ပွဲကျင်းပမဲ့ နေ့ဟာလပြည့်ညဖြစ်တယ်....
______
"မနက်ဖြန် လက်ထပ်ကြရအောင်.."
"ဗြောင် မနက်ဖြန်ချက်ချင်းကြီးလား"
"ဘာလဲ ပြောတုန်းကပြောပြီး လူကိုတာဝန်မယူချငိတာလား"
"မဟုတ်ပါဘူးကွာ ပြင်ဆင်ချိန်နည်းမှာစိုးလို့ပါ"
"အဲ့တာဆိုပြန်မယ် ခုတတ်"
စိတ်လက်ဆစိနဲ့ကောင်လေးကို ချန်းယောလ်မနိုင်ပါ။ ဘယ်တော့မှလဲနိုင်မည်မဟုတ်ပါချေ။ ရှင်သန်နေထိုင်ရာဤကမ္ဘာမြေလောကဝယ် ချန်းယောလ်အကြောက်ဆုံးမှာ ဘတ်ဟျွန်းစိတ်ဆိုးသွားမှာကိုပဲဖြစ်သည်။
နန်းဆောင်ထဲရောက်တဲ့အထိ ချန်းယောလ်မှာ နန်းပြင်ဝတ်စုံကိုမလဲအား။ စုတ်တံကြီးတစ်ချောင်းကိုင်ကာ လိုအပ်တဲ့စာရင်းကိုရေးနေရင်း အထိန်းတော်၃ယောက်ကိုလဲပါးစပ်က တတွတ်တွတ်မှာနေသေးသည်။
"မယ်တော်ကြီးဆီတစ်ယောက်သွားပြီး ခုနကကိုယ်တော်ပြောထားသလို တစ်လုံးမကျန်ပြောခဲ့"
"နောက်တစ်ယောက်ကစားဖိုဆောင်ကိုသွား လိုအပ်တဲ့ပစ္စည်း အကုန်ဝယ်ပြီး ဧည့်ခံကျွေးမွေးဖို့လုပ် အကုန်အချိန်မှီပါစေလို့ ထည့်ပြော"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်