"နန်းတော်ကိုဘယ်လိုနေရာလို့ သတ်မှတ်ထားကြတာလဲ မယ်မင်းတို့က""အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲဆိုတာ.."
"မင်းစပြောထဲက ဒီတံခါးဝပေါက်မှာ ကိုယ်တော်ရောက်နှင့်နေပြီးသား ကြင်ယာတော်ဗြောင်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုထိပါးလိုက်သလဲဆိုတာကို ကိုယ်တော်မသိဘူးများထင်နေသလား မိဖူရားငယ်။ ဒါမှမဟုတ် နန်းကျမိဖုရားလို့ပဲပြောင်းခေါ်ရမလား"
ခုနကမျက်လုံးတွေနဲ့မတူတော့ပဲ မိဖုရားငယ်ရဲ့မျက်ဝန်းအစုံက တုန်လှုပ်စွာဖြင့်။ တစ်ပြိုင်နက်ထဲ ဆိုသလိုမင်းကြီးရှေ့မှာ တုန်လှုပ်စွာဖြင့်ဒူးထောက်ချပစ်လိုက်သည်။
"စိုးရွံ့မိပါတယ်မင်းကြီး ကျွန်တော်မျိုးမရဲ့အိမ်က ကျွန်တော်မျိုးမကိုသတိပါလိမ့်မယ် အပြစ်ဒဏ်ကိုလျော့ပေါ့ပေးတော်မူပါ"
"ဒါမှမဟုတ် ကိုယ်တော်ကိုယ်တိုင် အဲ့လျှာကိုဖြတ်ပေးစေချင်နေတာလား"
မိဖုရားငယ်အသံမထွက်လာတော့ မင်းကြီးကရယ်သည်။
"ကြင်ယာတော်ဗြောင်ဆိုတာ ငါကိုယ်တော်အတွက်ဘယ်လိုလူမျိုးလဲဆိုတာ မသိလို့ထိပါးတာလား
ကြင်ယာတော်ကိုထိတဲ့လူက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ငါကိုယ်တော်သတ်ပြစ်ဖို့ဝန်မလေးဘူးဆိုတာ မြဲမြဲမှတ်ထား"ဒူးထောက်နေတဲ့မိဖုရားငယ်ကမျက်နှာမမော့လာတော့။ ကျန်တဲ့မိဖုရားတွေပါ ခေါင်းတွေငုံကာငြိမ်သက်လျက်
"မိဖုရားငယ်တင်မကဘူး ဒီအခန်းထဲမှာရှိတဲ့ကျန်တဲ့မိဖုရားတွေပါ အပြစ်ရှိတယ် အထူးသဖြင့်မိဖုရားခေါင်ကြီး ။ မင်းကထိန်းပေးရမဲ့အပြင်မသိချင်ယောင်ဆောင်နေသေးတာ"
"ကျွန်တော်မျိုးမ သေသင့်ပါတယ်"
မင်းကြီးဟိန်းဟောက်လိုက်တော့မှ သူမကမျက်လွှာကိုချကာခပ်တိုးတိုးဆိုလာသည်။
"အားလုံးမှတ်ထားရမှာက မိဖုရားဆိုတာနန်းတော်မှာ
မရှိမဖြစ်ထားသင့်တာမလို့ထားရတာ။ စည်းစိမ်ခံပြီးအေးဆေးနေကြစမ်းပါ။ ကိုယ်တော်အတွက်က မင်းတို့ကိုစိတ်မဝင်စားသလို လက်နဲ့တောင်မထိချင်တာမလို့ ။ကြင်ယာတော်ဗြောင်ကို ထိရင်ဘယ်လိုအပြစ်မျိုးခံရမလဲဆိူတာကို ပြပေးရမှာပေါ့။ မကြာခင် ဂျိုဆွန်းရဲ့ဒုတီယဘူရင်ဖြစ်လာမဲ့ ဗြောင်ဘတ်ဟျွန်းကိုဘယ်သူစော်ကားရဲကြသေးသလဲ"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်