Ep 23 (Uni)

251 50 7
                                    


"ကျိန်စာအစွမ်းပိုအသက်ဝင်အောင် လုပ်ပေးပါ
ဖြစ်နိုင်ရင် ချက်ချင်းသူတို့နှစ်ယောက်ကိုကွဲသွားစေချင်တယ် ။ဘယ်တော့မှမဆုံတွေ့ကြတော့ပဲ ..တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ကြရင်တောင် မမှတ်မိတော့တဲ့အထိ ကျွန်မလုပ်ချင်တယ်"

"မိဖုရားကြီး သေချာစဉ်းစားပါဦး ပထမဆုံးလုပ်ခဲ့တဲ့ကျိန်စာနဲ့တင် ပြန်သက်ရောက်တဲ့အစွမ်းက မိဖုရားကြီးအတွက် အတော်အထိနာနေပါပြီ အဲ့လောက်ကြီးထိလုပ်မှဖြစ်မှာပါလား"

"ကိုယ်ဘယ်တော့မှမရမဲ့အရာကို ပြုံးပြုံးကြီးနဲ့ လက်ခံကျေနပ်နိုင်ဖို့ ကျွန်မအဲ့လောက်ထိမေတ္တာတရားမကြီးမားဘူး"

"အောက်လမ်းပညာရပ်က လုပ်ရင်လုပ်သလောက်အစွမ်းထက်တယ်ဆိုပေမဲ့ ပြုလုပ်သူဘက်က ပြန်ပေးဆပ်ရတယ်ရှိတယ်။ အခန့်မသင့်ရင် ကိုယ်ပြုစားလိူက်သမျှက တန်ပြန်လာနိုင်တယ်။ အတော့်ကိုအန္တရာယ်ကြီးမားတဲ့ကိစ္စပါ"

"ရှင်ကအောက်လမ်းမှော်ဝင်နတ်ဆရာပဲမလား ။ ဒီလမ်းကိုလျှောက်နေပြီး ပြန်ခံရမှာကြောက်နေရင် ဘာကြောင့်ဒီအလုပ်ကိုလုပ်နေသေးလဲ။ ရှင်လိုချင်တာသာပြောလိုက် ကျွန်မပြောတာသာဖြစ်အောင်လုပ်ပေး"

တစ်ခုသောလမ်းကြားထဲရှိတဲအိမ်ထဲဝယ် ဝတ်ရုံအမဲကိုခြုံထားပြီး မျက်နှာကိုပါဇာပုဝါအနက်နဲ့ဖုံးအုပ်ထားတဲ့မိဖုရားကြီးက နာမည်ကြီးလှပါတယ်ဆိုတဲ့အောက်လမ်းနတ်ဝင်သည်ဆီ ဒေါသတကြီးလက်ညိုးငေါက်ငေါက်ထိုးကာပြောဆိုနေလေသည်။

"လွန်ခဲ့တဲ့နှစ်၁၀၀တုန်းကလဲ မိဖုရားကြီးသူတို့ကခွဲခဲ့သေးတာပဲ ဒါပေမဲ့ကြင်ယာတော်လေးကအားလုံးမမှတ်မိတော့တာတောင် ပြန်ချစ်သွားကြသေးတာမလား။ မိဖုရားကြီးပြောသလိုလုပ်ပေးဖို့က ၅၀/၅၀ ဆီပဲအောင်မြင်နိုင်ပါတယ်။ ကံကြမ္မာက အစကတည်းကသတ်မှတ်ပေးထားတဲ့ကံတရားကို အလုံးစုံပြောင်းလဲပေးဖို့ကမဖြစ်နိုင်ဘူး ဒါပေမဲ့ အချိန်တစ်ခူထိ တစ်ယောက်နဲ့တစိယောက်မမှတ်မိဖို့ကတော့ ၅၀%ကျော်လောက်ဖြစ်နိုင်ချေရှိပါတယ် ။ ဒါပေမဲ့
တစ်ခုရှိတာက ကံကြမ္မာရဲ့အလိုကိုပြောင်းလဲပစ်တဲ့အတွက် ဘဝဆက်တိုင်းချစ်ရသူနဲ့ကွေ့ကွင်းရလိမ့်မယ် ရှင်သန်ရမဲ့အချိန်နည်းသွားလိမ့်မယ်။အချစ်တစ်ခုကိုခွဲပစ်ဖို့အတွက်နဲ့ကိုယ့်ရဲ့အချစ်နဲ့ ရှင်သန်ရမဲ့သက်တမ်းကိုလဲလှယ်လိုက်ရတဲ့သဘောပါပဲ။"

Imaginary SphereWhere stories live. Discover now