"ကြင်ယာတော်မင်းသားလေး ထဖို့အချိန်ရောက်ပါပြီ"တံခါးအပြင်ကထိုမိန်းမကြီးကအသံကိုပြဲလွန်းသည်။ဘာအလုပ်ရှိလို့ ဘတ်ဟျွန်းကထရမှာလဲ။ အတင်းအဓမ္မခေါ်ထားပြီးတော့ အလုပ်ပါခိုင်းမလို့လား။
"ထပြီဗျာ အဲ့အသံနဲ့ဆက်မအော်ပါနဲ့တော့ တောင်းပန်ပါတယ်"
"ဝင်ခွင့်ပြုပါ ကြင်ယာတော်မင်းသားလေး"
"ဝင်ဗျာ ဝင်"
ခန္ဓာကိုယ်မှာ နို့နှစ်ရောင်ပိုးသားအကျီလေးဝတ်ထားပေးတာမလို့ နဂိုအသားဖြူလွန်းတဲ့ဘတ်ဟျွန်းက ဖွေးဥနေပြီး မျက်နှာလေးကပူတင်းလေးလိုပြောင်ပြောင်တင်းတင်းလေးဖြစ်နေသည်။
ရွှေရောင် ရေဇလားနဲ့ အဖြူရောင်သပတ်စတွေ ကိုင်ထားတဲ့အပျိုတော်တွေနဲ့အတူ အသံပြဲတဲ့အထိန်းတော်ကြီးပါလိုက်ဝင်လာသည်။
"မျက်နှာသစ်ပေးပါမယ် ကြင်ယာတော်မင်းသားလေး"
"လက်ပါတယ် ကိုယ့်ဟာကိုသစ်မယ် ဖယ်ပေး"
"မင်းကြီးကကြင်ယာတော်လေးကို သေချာဂရုစိုက်ပေးဖို့မှာထားလို့ပါ ကြင်ယာတော်လေးကိုလက်မွှေးမီးမလောင် ခြေမွှေးမီးမလောင်အောင်ထားရပါမယ်တဲ့။တစ်ခုခုဆိုကျွန်တော်မျိုးမတို့ခေါင်းဖြတ်ခံရပါလိမ့်မယ်"
"ဘယ်အမွှေးပဲလောင်လောင် သူကကျွန်တော့်အမွှေး
တွေကိုလိုက်ရေတွက်ထားတာကျလို့ ဘဲကြီးကအပိုစာသားတွေ""မင်းကြီးကိုတိရစ္ဆာန်နဲ့နှိုင်းလိုက်တာပါလား ကြင်ယာတော်လေး သူများတွေကြားရင်ပြစ်ဒဏ်သင့်ပါလိမ့်မယ်"
တကယ့်ဘဲကြီးသာဆိုလို့ကတော့ချက်စားပစ်လိုက်တာကြာပြီ။ ညကလဲမတော်မတရားဖက်အိပ်မယ်လုပ်လို့ ငယ်ငယ်ကသင်ထားတဲ့တိုက်ကွမ်ဒိုခြေကန်ချက်နှစ်ချကိလောက်ပြလိုက်သေးသည်။
ဒီနန်းတွင်းနဲ့တော့ဘတ်ဟျွန်းနဲ့မဖြစ်ပါ။ဒီအာပြဲအထိန်းတော်ပွစိပွစိလုပ်တာနဲ့တင်တော်တော်စိတ်ကုန်နေပြီဖြစ်သည်။
"နေပါစေတော့ ဒါနဲ့မျက်နှာသစ်ဆပ်ပြာလေး ဘာညာမရှိဘူးလား"
"ဆပ်ပြာကိုပြောတာပါလား ကြင်ယာတော်လေး"
VOUS LISEZ
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်