"ခေါင်းစည်းဖြုတ်မယ်နော် ဗြောင် ကိုယ်တော်ရေသုတ်ပေးမလို့""ဟင့်အင်း ကျွန်တော် ပါးချိုင့်လေးကိုအရင်သုတ်ပေးလို့ရလား"
"ဖျားမှာစိုးလို့ပါကွာ ကိုယ်တော်အရင်သုတ်ပေးမယ်"
"ကျွန်တော့်ဆံပင်ထက် လီယောလ်လေးရဲ့ဆံပင်တွေကပိုရှည်တယ်လေ အရင်သုတ်ခွင့်မပေးရင် မခေါ်တော့ဘူး"
"ဟူတ်ပါပြီဗျာ အလျော့ပေးလိုက်ပါမယ် လာသုတ်လှည့် "
လက်တွေမပျောက်ကွယ်လာခင် ဆံနွယ်စတွေကိုဖွဖွလေးနဲ့ခပ်မြန်မြန်သုတ်ပေးနေရတယ်။ ဆံစတွေခြောက်တဲ့အထိ လက်တွေမပျောက်သွားစေဖို့တော့ဘတ်ဟျွန်းနှုတ်ကနေတစ်ဖွဖွရေရွတ်မိပါရဲ့
"မျက်နှာလဲမကောင်းပါလား ဗြောင်
စိတ်ညစ်စရာကိစ္စများရှိနေလို့လား"ချန်းယောလ်ရဲ့စကားအဆုံးမှာ ဘတ်ဟျွန်းကခပ်ဖွဖွပြုံးတယ်။ နှုတ်ခမ်းထောင့်အစွန်းဟာ ကော့တတ်နေပေမဲ့ ရီဝေဝေဖြစ်နေတဲ့မျက်လုံးကိုတော့ သူမပြောင်းလဲနိုင်ခဲ့ဘူး
"ဟင့်အင်း ဒီတိုင်းပါပဲ"
"ဒီည နန်းတော်အပြင်ဘက်မှာ မီးပုံးလွှတ်ပွဲရှိတယ်
အဲ့တာကိုယ်တော်ခေါ်သွားမယ် လိုက်မယ်မလား""သွားကြမယ်လေ စိတ်ပြေလက်ပျောက်ပေါ့"
"ခုတော့ ကိုယ်တော်ခေါင်းသုတ်ပေးမယ် ပြီးရင်ကြက်ပေါင်းရည်လေးသောက်ပြီး ခဏအိပ်လိုက်ဟုတ်ပြီလား"
ခေါင်းလုံးလုံးလေးကိုခပ်သာသာသုတ်ပေးရင်း
မှေးစင်းလာတဲ့မျက်ဝန်းလေးတွေကိုမြင်တော့ ကျောလေးကိုပါအသာပုတ်သိပ်လိုက်တော့ ဘတ်ဟျွန်းက
အိပ်ပါပျော်သွားချေပြီ။"အဆိုးတုံးလေး မယ်မယ်ကြီးမွေးနေ့ရှိနေပေမဲ့ မနှိုးတော့ပါဘူး အိပ်ပါစေတော့"
စောင်ကိုပုခုံးနားထိဆွဲခြုံရင်း နဖူးကိုဖိကပ်နမ်းကာ
မယ်မယ်ကြီးမွေးနေ့ပွဲသွားဖို့ပြင်ရတော့သည်။————
"ဖျောင်း ဖျောင်း ဖျောင်း"
"ကတာလှချက်ကွာ ဒီလောက်လှတဲ့ကချေသည်တွေ
ဘယ်ကများခေါ်လာသလဲ"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်