"အစုတ်အပျက်တွေ အစုတ်တွေ နန်းတော်တစ်ခုလုံးအစုတ်တွေ.."ဘတ်ဟျွန်းကခြေချင်းဝတ်ကိုဖိထားပြီး ပါးစပ်ကလဲမကျေမနပ်အော်ပြောနေသေးသည်။ နန်းတော်ကခေါင်မိူးတောင်မပြောနဲ့ မင်းကြီးဝတ်တဲ့ဘောင်းဘီကအစ စုတ်နေတာ။
ဖိနပ်ကိုအမိအရယူနိုင်လိုက်ပေမဲ့ ခြေထောက်တစ်ဖက်က အုတ်ကြွတ်မိုး ကြားကကျွံပြီး ဘေးကအုတ်ချပ်တွေကပါ အောက်ကိုကျွံကြလာတာ ဖြစ်သည်။ အခုဘတ်ဟျွန်းပုံစံမှာ ဖိနပ်တစ်ဖက်ကို ရင်ဝယ်ပိုက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်ခြေချင်းဝတ်ကိုဖိထားကာ ပွစိပွစီကျိန်ဆဲနေသည်။ အစုတ်အပြတ်တွေကိုရော အကောင်းမသုံးတတ်တဲ့မင်းကြီးကိုရော။ ခြေထောက်က ထမရပ်နိုင်ပုံထောက်ရင်တော့ ခြေချင်းဝတ်လည်သွားပြီနဲ့တူသည်။
"ကြင်ယာတော်လေး နဖူးကသွေးတွေထွက်နေပါပြီ
ဆေးထည့်ခွင့်ပြုတော်မူပါ"သမားတော်ကရောက်နေပေမဲ့ ဘတ်ဟျွန်းက အခုအချိန်ထိကိုင်ခွင့်မပေးသေး။ ဆေးထည့်မယ်ဆိုရင် နဖူးစည်းကို ချွတ်ရပေလိမ့်မယ်။ အမှတ်အသားကိုဘယ်သူမှမြင်လို့ကမဖြစ်။
"ရတယ်ဆေးဘူးပေးခဲ့ ကိုယ့်ဘာကိုယ်ထည့်မယ်
ဝေါယာဉ်ခေါ်ပြီး ကိုယ့်တော့်အဆောင်ကိုလိုက်ပို့ပေး"စာအုပ်လာခိုးကာမှ လူမိတဲ့ဘတ်ဟျွန်းရဲ့အဖြစ်။
ဖိနပ်ကလဲ နောက်တစ်ဖက်သွားကောက်ဖို့ ကျန်သေးသည်။ စာအုပ်ကလဲ ဘယ်ဆီနေမှန်းမသိ။"မပြန်ရပါဘူး ဗြောင်"
မတည်ငြိမ်တဲ့စကားသံတွေကြား လီယောလ်က ပြေးလာခဲ့တာသက်သေ။ စကားတွေတောင်တုန်နေပြီးအသက်ကိုခပ်ပြင်းပြင်းရှူနေသေးသည်။
"ဆေးထည့်ရမယ် ဒီကိုလာ"
"မကိုင်နဲ့ခင်ဗျား ခင်ဗျားကိုဘယ်သူကခေါ်တယ်ပြောလို့လဲ"
ဆုပ်ကိုင်ထားတဲ့လက်ကို ဖယ်ချပစ်လိုက်တော့ချန်းယောလ်မျက်နှာက ရုတ်ချည်းဆိုသလိုပျက်သွားရတယ်။
"ကျန်တဲ့သူတွေအကုန်ထွက်သွားကြပါ ကြင်ယာတော်နဲ့အေးဆေး စကားပြောချင်တယ်"
ချန်းယောလ်ပုံစံကြည့်ရတာ ခပ်ဝေးဝေးကနေ အပြင်းခရီးနှင်လာပြီး မနားရလို့လဲကျတော့မဲ့မြင်းရဲ့ပုံစံလိုပဲ ဖြစ်နိုင်ရင်သူပြိုလဲပစ်လိုက်ချင်ပြီ
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်