"ကိုယ့်ရဲ့ အပြာရောင်လမင်းလေး.."
ရီဝေဝေနဲ့ကြည့်နေတဲ့ မျက်ဝန်းတွေကြားမှ သူရုန်းထွက်ဖို့ မေ့လျော့နေခဲ့သည်။ ချုပ်ကိုင်ထားတဲ့လက်ကိုရော သူ့ရင်ခွင်ထဲရောက်နေတဲ့ ကိုယ့်ရဲ့ကိုယ်လုံးလေးကအစ သူ့နဲ့ဝေးကွာအောင် တွန်းထုတ်ပစ်ဖို့ တုံဆိုင်းနေခဲ့သည်။
" အပြာရောင်လမင်းလေးကပြောတယ်
ဒီဘဝမှာတော့ အဆုံးရှုံးမခံနဲ့တဲ့ ဘယ်သူ့ကိုပြောမှန်းမသိပေမဲ့ သူကမင်းနဲ့သိပ်တူတယ်"ဆွံ့အနေဆဲဖြစ်တဲ့ ဘတ်ဟျွန်းရဲ့ လက်သွယ်သွယ်ကိုဆွဲမလာပြီး
"ဘယ်ဘက်လက်မပေါ်မှာ မင်းလို ခပ်ထင်းထင်း မှဲ့နက်ကလေး တစ်လုံးရှိတယ်"
အကျီအောက်ကို လက်လျိုဝင်ကာ ဆွဲကြိုးလေးကို အသာထုတ်ယူလာပြီး
"သူမှာ တဖျတ်ဖျတ်လတ်နေတဲ့ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းလက်စွပ် တစ်ကွင်းလဲရှိသေးတယ်"
"သူကမင်းလိုပဲ။ ကျက်သရေရှိတဲ့ဆံနွယ်တွေက လရောင်အောက်မှာဝဲဖြာနေတယ်။ တယောထိုးနေတဲ့ သူ့ပုံစံက စျေးကြီးပေးဝယ်ရတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။ လှပတင့်တယ်သလို တချိန်ထဲမှာပဲ ဘာကြောင့်မှန်းပွေ့ဖက်ချင်နေမိတယ်။ အဆုံးရှုံးမခံနဲ့ဆိုတာ မင်းကိုပြောတယ်မှန်း ကိုယ့်ရင်ထဲမှာ ခံစားနေရတယ်။ ကိုယ့်ကောင်လေးလုပ်ပေးမလား ဘတ်ဟျွန်း.."
နီရဲတတ်လာတဲ့ မျက်သားတွေနဲ့အတူ သူ့ကိုအားရပါးရဆုပ်ကိုင်ထားသည့် ချန်းယောလ်ကိုပါ တွန်းထုတ်ပစ်လိုက်သည်။ မျက်ရည်စီးကြောင်းတွေနဲ့အတူ ခေါင်းကိုပါ တရမ်းရမ်းခါလာသည်။ မဟုတ်ဘူး သူလိုချင်တာ အဲ့လိုမျိုးမဟုတ်ဘူး။
"ငါ့ကိုမှတ်မိမှ ငါကမင်းကောင်လေးလုပ်ပေးနိုင်မယ်။ ဒီလိုပုံစံမျိုးနဲ့တော့ မင်းဆီကအချစ်တွေပြန်လိုချင်တာမဟုတ်ဘူး။ ငါ့နောက်ကို လိုက်မလာနဲ့!.."
"ဟျွန်းငယ်.. ဘတ်ဟျွန်း"
"ငါသိတဲ့သူက ငါ့ကိုအဲ့အသုံးအနှုန်းနဲ့မခေါ်ဘူး.. လိုက်မလာနဲ့."
ကုတင်ပေါ်မှ ခြေဆင်းရင်ပြင်နေသည့် ချန်းယောလ်ကို သူပိတ်ဟောက်လိုက်ပါ၏။ အလိုမကျ၍စုကုပ်သွားတဲ့ မျက်ခုံးတစ်စုံနဲ့လူရင်ခွင်ထဲ တိုးဝှေ့ချွဲချင်ပါသော်လဲ သူကျောခိုင်းပစ်ခဲ့၏။
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်