အကိုတော်ဂျွန်မြောင်ပြောတဲ့စကားများကိုနားထဲစွဲနေကာ လီယောလ်ကပုလ္လင်ပေါ်မှာ ငိုင်ငိုင်ကြီးထိုင်နေမိသည်မှာ အတော်ကြာတဲ့အထိ...စိတ်ပြေလိုပြေညားပြတင်းပေါက်ကို ထွက်ကြည့်မိတော့ညနေလေပြည်က ရင်ထဲကိုအေးကနဲ။ ကြင်ယာတော်ဗြောင်ပြန်ချစ်ဖို့အရေး တွေးတောနေရသည်မှာခေါင်းတွေပင်ကိုက်သည်။ ဗြောင်လေးက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ထဲကအတိုင်း ခေါင်မာမာနဲ့ ခပ်ဆိုးဆိုးလေးအတိုင်းရှိနေတုန်းပင်။
ညနေက ပေတလူးကြင်ယာတော်လေးကို ချန်းယောလ်ကအချစ်ပိုတိုးရသည်။ ပေလူးနေလဲ ကြင်ယာတော်လေးက တစ်မျိုးချစ်စရာကောင်းသည်။
ရုတ်တရက် မိုးတွေရွာချလာတာကြောင့် မိူးဖွားလေးတွေကချန်းယောလ်မျက်နှာကိုလာစင်သည်။
ဗြောင်နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကလဲ မိုးရေထဲ
ဆော့ကစားခဲ့ဖူးသည်ကိုရုတ်တရက်အမှတ်ရမိသည်။
ဗြောင်လေးက မိူးရေထဲဆော့ရသည်ကိုတအားသဘောကျသည်မဟုတ်ပါလား.."မင်းကြီး မင်းကြီး.."
ရုတ်တရက်အော်ပြီးပြေးဝင်လာတဲ့ အထိန်းတော်ကြောင့်လီယောလ် မျက်ခုံးတို့ပင့်တတ်သွားရသည်။
"ဘာတွေများအလောတကြီး ဖြစ်နေတာလဲ အထိန်းတော်ကြီး"
"ဟိုဟာ ဟို ကြင်ယာတော်လေး မိူးရေထဲမှာ စာအုပ်တွေတစ်အုပ်ပြီး တစ်အုပ်ပစ်ချပြီး ဖားလိုခုန်ဆွခုန်ဆွလုပ်နေပါတယ်"
"ဟေ"
မိုးရွာကြီးထဲ ထီးမဆောင်းနိုင်ပဲလီယောလ်တို့ဝတ်ရုံကြီးမ,ကာပြေးရတော့သည်။ ကြင်ယာတော်လေးက
မျောက်မူးလဲသလိုဆော့ပြန်ပြီထင်တယ်။"ဟိတ် ဟိတ် ဒါမဟုတ်သေးဘူး နောက်စာအုပ်တစ်အုပ်
ထပ်ချပေး""ကြင်ယာတော်လေး ဝင်ပါတော့ ဖျားပါလိမ့်မယ်"
"ကျွန်တော်ပြောတဲ့အတိုင်း မလုပ်ပေးရင် ခင်ဗျားတိူ့
အကုန်လုံးကို မင်းကြီးနဲ့တိုင်ပြောမယ်"မိုးရေတွေကြောင့် ဆံပင်တွေအကုန်ပိပြားကပ်ကာ
နှုတ်ခမ်းတွေတုန်လို့ ကြွက်စုတ်ရေနစ်သလိုလေး
ဖြစ်နေသော်လဲ ဘတ်ဟျွန်းကလက်မလျော့သေး
ရခဲလှတဲ့ အခွင့်အရေးမှာစာအုပ်ကိုမိုးရေထဲပစ်ပစ်ချပြီး ဘေးနားကခုန်ခုန်ပြီး ပစ်လှဲပစ်တာ ခုဆိုလက်ဖဝါးတွေ တံတောင်းဆစ်ဖြူဖြူတို့မှာ သွေးတွေရဲနေတာအထင်းသား။ အဆင်ပြေရင်ဟိုဘက်ကိုပြန်ရောက်နိုင်တယ်မလား
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်