Ep 28 (Uni)

171 29 0
                                    

တစ်ခါတစ်လေကျရင်တော့ ကံကြမ္မာက ကျီစားတတ်တယ်။ ကံတစ်ခါဆိုးရင် ကံဆိုးမှုတွေက ဆက်တိုက်လိုက်လာတာမျိုးပေါ့... အဲ့အခါကျ ကံကောင်းမှုတွေ ကိုယ့်ဆီပြန်ရောက်လာတဲ့အခါကျရင်ရော ကောင်းတဲ့ကံတွေက ဆက်တိုက်လိုက်ပါလာဦးမလား...

အရက်နှစ်ခွက်လောက်ဝင်တာနဲ့ မျက်နှာတွေရဲ လည်ပင်းသားတွေပါရဲနေတုန်း ဆိုပေမဲ့ ခါးသက်တဲ့အရည်တွေကို နှစ်တစ်ခုကျော်လာတဲ့အထိ ဘတ်ဟျွန်းက စွဲလမ်းစွာသောက်နေတုန်းပဲ။ ၄ခွက်လောက်ဆို မူးပြီးထိုးအိပ်လောက်ဖို့ လုံလောက်နေပြီ ဆိုပေမဲ့ မအိပ်ခင်အချိန်လေးမှာ သူက တော့ပုကီပူပူလေးစားချင်နေခဲ့သေးတာ။

သောက်လက်စဖန်ခွက်ကို စားပွဲခုံပေါ် ဆောင့်ချခဲ့ပြီး
ပိုက်ဆံအိတ်ကို အကျီအိတ်ကပ်ထဲ ထိုးကာ ဆိုင်တွေမပိတ်ခင် ယိုင်ထိုးထိုးခန္ဓာကိုယ်နဲ့ လမ်းထိပ်ထိရောက်အောင်
ခပ်သွက်သွက်လျှောက်ရတယ်။

"အေ့ တော့ပိုကီဘူးကြီးတစ်ဘူးပေးပါ"

ဆိုင်ပိတ်တော့မဲ့အချိန်ဖြစ်တာကြောင့် သာမန်ထက်ပိုစွာ ဘတ်ဟျွန်းကိုင်ထားတဲ့ ဖော့ဘူးလေးမှာ တော့ပုကီတွေက ပြည့်မောက်လုလု။ အိမ်ရောက်တဲ့ထိ စောင့်မနေတော့ပဲ
တုတ်ချောင်းကို တော့ပိုကီအသားအိအိထဲ နစ်ဝင်အောင်ထိုးလိုက်တယ်။ ပါးစပ်ထဲသုံးခုလောက်ထည့်ပြီး ပလုတ်ပလောင်း ဝါးပစ်လိုက်တော့ နှုတ်ခမ်းပါးပါးဟာ အပေါ်ကိုကော့တတ်သွားတယ်။

"ဘုန်း"

ဘယ်ကနေ ဘယ်လို လွင့်လာမှန်းမသိရတဲ့ ပိုက်ဆံအိတ်အနီရဲရဲဟာ တော့ပိုကီဘူးကိုင်ထားတဲ့ ဘတ်ဟျွန်းရဲ့လက်တည့်တည့်ကိုမှလာမှန်ပြီး အနီရောင်တော့ပိုကီအရည်တွေဟာ ဘတ်ဟျွန်းအရှေ့ကလူရဲ့ ရှပ်အကျီအဖြူပေါ်ကို သွားစင်တယ်။

"ချွဲမင်ဟီး...."

ဘတ်ဟျွန်းအရှေ့ကလူရဲ့ ခပ်ဩဩအော်သံအဆုံးမှာ
ထိုလူရဲ့အနောက် အမျိုးသမီးတစ်ယောက်က ပြေးလာတယ်။

"ဟို ဒီကမောင်လေး ကျွန်မမရည်ရွယ်ပါဘူး
ကျွန်မက သူ့ကို အိတ်ပစ်ပေးတာကို မဖမ်းပဲ ရှောင်လိုက်လို့ ထိသွားရတာပါ"

Imaginary SphereWhere stories live. Discover now