Flash back
"ကြင်ယာတော်ဗြောင်က ဘုန်းကံမြင့်တာမလို့
အောက်လမ်းနဲ့လုပ်ကြံလို့မရပါဘူး""အဲ့တာဆိုဘာနည်းလမ်းရှိမလဲ"
"အောက်လမ်းကဘုန်းကံမြင့်တဲ့လူကို မသက်ရောက်နိုင််တဲ့အတွက် အထူးဓားကိုစီရင်ရပါမယ် မယ်မယ် လုပ်ရတာမလွယ်ကူပါဘူး"
"ဘာဓားမလို့လဲ"
"ဝိညာဉ်ချုပ်ဓားပါ သေရုံအပြင်ကယ်မဲ့နည်း တစ်နည်းပဲရှိပါတယ်"
"သေတာပဲလိုချင်တာ မောင်မင်း"
နှုတ်ခမ်းပါးပါးကိုဖိကိုက်ပြောလာတဲ့ မိန်းမပျိုက
စိတ်ဓာတ်နဲ့မလိုက် ရုပ်ကလှလွန်းသည်။"ဒီကမ္ဘာကနေ တခြားကမ္ဘာကို စစ်မှန်တဲ့ချစ်ခြင်းရဲ့
နှလုံးသွေးနဲ့ အသက်ဆက်ပြီးထွက်သွားနိုင်ပါတယ်
ဒါပေမဲ့ဝိညာဉ်ချုပ်ဓားဆိုတဲ့အတွက် ကျိနိစာပါတယ်။ ချုပ်ထားခံရတဲ့ဝိညာဉ်တွေဟာ အဲ့ဓားနဲ့တစ်ယောက်အသတ်ခံရပြီဆိုတာနဲ့ လွတ်မြောက်ပါတယ်။ ဝိညာဉ်လဲတဲ့သဘောပါ။ အသက်ရှင်ခဲ့မယ်ဆိုရင် ဒီဘဝကိုမေ့သွားမှာပါ။ကိုယ်ချစ်တဲ့သူတွေရောပေါ့။နှလုံးသွေးကိုဘယ်သူမှဖောက်မထုတ်ပေးနိုင်တဲ့အတွက် အသက်ဆက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးမယ်မယ်""ကောင်းပြီ ရွှေ၁ပိသာယူထား ပြီးရင်အကြောင်းကြားပါ အကုန်ပြီးရင်မောင်မင်းလိုချင်တာတောင်းဆိုလို့ရတယ်"
"တွေ့ကြသေးတာပေါ့ ဗြောင်ဘတ်ဟျွန်းရာ
မင်းကြီးအနားမှာကြာကြာမနေနိုင်စေရဘူး
လီယောလ်ကငါ့လူ"______
"ဗြောင် ကိုယ်တော့်ရဲ့ကြင်ယာတော်အဖြစ်နေပေးပါ"
နန်းတော်အပြင်ဘက်ကတောင်ကုန်းလေးတစ်ခုပေါ်မှာလီယောလ်က ဘတ်ဟျွန်းလက်ကိုအသာဆုပ်ကိုင်ထားတယ်။ နွေဦးရာသီမလို့ ရာသီဥတုကလန်းလန်းဆန်းဆန်း.. ဝေ့ဝဲလာတဲ့လေပြည်ကြောင့် တောင်ကုန်းပေါ်မှာရှိတဲ့ ချယ်ရီပွင့်ဖတ်တွေက ဘတ်ဟျွန်းရဲ့ရှည်ရှည်အိအိ ဆံစတွေပေါ်လာကပ်တွယ်တယ်
"ကျွန်တော်တို့က မဖြစ်နိုင်ဘူးလေ ယောလ်ရဲ့ ဗြောင်ကသာမန် ကဗျာဆရာတစ်ယောက် မင်းကြီးနဲ့ချစ်မိနေခဲ့တာတောင်အပြစ်သင့်နေပြီ"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်