Ep 35 (U)

171 34 0
                                    

"တောက်"

သစ်သားခုံရှေ့တွင် တင်ပလ္လင်ချိတ်ထိုင်နေသာ အမျိုးသမီးသည် အဆိုပါသစ်သားခုံကို လက်ဖြင့်မှောက်ပစ်လိုက်သဖြင့် ခုံပေါ်မှ ဖယောင်းတိုင်များ အပ်ချည်နီများ ကောက်ရိုးရုပ်များသည် တစ်စစီပြန့်ကြဲကုန်သည်။

"တောက်! နင်ကများ ..ဘတ်ဟျွန်း နင်ကများ ငါ့အစီအရင်တွေကို ပျက်အောင်လုပ်ရဲတယ် အား.."

ထိုခုံတင်မက ချွဲမင်ဟီးသည် အနီးရှိတင်ထားသော ပစ္စည်းများကိုပါ အဝေးကိုအားရပါးရ ပစ်ပေါက်ပစ်လိုက်၏
အနက်ရောင်မှော်အစီအရင်ဖြင့် ချန်းယောလ်ကို သတ်ပစ်ပြီး တစ်ဖက်ကမ္ဘာသို့ပြန်ရောက်ရှိစေရန် အစီအရင်ဖြင့် လပြည့်ညတစ်ည အလိုထဲက သူသွေးပွက်ပွက်အန်အောင် အထိကြိုးစားနေခဲ့တာဖြစ်သည်။

သူ့အစီအရင်ကိုဖျက်ခဲ့တာ လက်စွပ်လေးတစ်ကွင်းထဲပဲဖြစ်သည်။ ကျောက်စိမ်းလက်စွပ်ကလေးက ဘာတွေများ သူ့အစီအရင်ကို ဖျက်နိုင်တဲ့အထိ စွမ်းအားကြီးနေခဲ့တာလဲ..

သူ့အစီအရင်က မစားရတဲ့အမဲသဲနဲ့ပက်ကာ ဟိုဘက်ကမ္ဘာကို ပြန်ခေါ်ပြီး ဘတ်ဟျွန်းနဲ့သံသရာတစ်လျှောက်လုံးမတွေ့ရစေရန်ဖြစ်သည်။ သူကိုယ်တိုင်ကလဲ တစ်ဖက်ကိုပြန်ပြီး မူလခန္ဓာကိုယ်နဲ့ ချန်းယောလ်ကိုပြန်လည်ချည်းကပ်ပြီး မေတ္တာသက်ဝင်လာစေရန် ပြုလုပ်မည်။ မင်းကြီးလီယောလ်နှင့် ကြင်ယာတောင်ဗြောင် တစ်ဘဝလုံး ဝေးကွာသွားစေရုံမက သံသရာတစ်လျှောက်လုံး မဆုံစည်းရစေရန်အတွက် သူရည်ရွယ်ထားခဲ့တာဖြစ်သည်။ အပြိုင်စကြာဝဠာသို့ ကူးပြောင်းရာတွင် လူတစ်ယောက်လျှင် တစ်ကြိမ်ထဲသာ အသက်ရှင်လျက် ကူးပြောင်းခွင့်ရှိတာ ဖြစ်လေသည်။

_______
ညသန်းခေါင် ရေထဲမှ မနည်းကုန်းရုန်းတတ်အပြီးတွင် ဘတ်ဟျွန်းသည် အပေါ်သွားနဲ့အောက်သွား တဂတ်ဂတ်မြည်အောင်ပင်ရိုက်နေသည်။ အေးနေသည့်ဝေဒနာကတစ်မျိုး မေ့မျောနေသည့်လူကိုသယ်ရသည့်ဒုက္ခကတစ်မျိုးနှင့် နောက်ဆုံးမှာတော့ ဟိုတယ်အခန်းဝသို့ရောက်ရှိလာလေသည်။ ချန်းယောလ်အခန်းကိုသီးသန့်ပို့မနေတော့ပဲ သူ့အခန်းက ကုတင်ပေါ်သို့သာ ရှိသမျှအားနှင့် လဲချပေးလိုက်တော့သည်။

Imaginary SphereWhere stories live. Discover now