Arc.5.1
5.1K 631 133
" အန်းဇယ်ရီ !!!! " စူးရှကျယ်‌လောင်သည့်အသံက သူ့အား နိုးထလာစေခဲ့သည် ။ ခေါင်းကို ခပ်ဆတ်ဆတ်ခါလိုက်ပြီး မျက်ရိုးကို အသာဖိနှိပ်လိုက်သည် ။ အရင်ကမ္ဘာမှာတုန်းက သူ စွမ်းအင်သုံးက တော်တော်များသွားသဖြင့် လူက ထုံထိုင်းနေခဲ့သည် ။
ဝုန်း!!!
ဝုန်းခနဲပွင့်လာသည့် တံခါးကြောင့် မော့ကြည့်လိုက်ချိန်တွင် ရှေးခတ်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမရဲ့ မျက်နှာသည် ဒေါသကြောင့် နီရဲနေကာ ချွေးစက်တချို့ ရှိနေခဲ့ပြီး ဆွဲဆောင်မှုရှိစွာ လှပနေခဲ့သည် ။ အနီရောင်ဝတ်ရုံက သူမရဲ့ လှပသည့်ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ ။ ခါးစည်းကြိုးအနီက သူမရဲ့ ခါးသိမ်သိမ်ကို‌ပေါ်လွင် နေစေသည်။ အတော်ကို လှပသည့် အမျိုးသမီးတစ်ယောက်ပင်။
" အန်းဇယ်ရီ !! ငါနင့်နဲ့ မနေနိုင်တော့ဘူး ကွာရှင်းမယ် !! အခုချက်ချင်း အရှင်မင်းကြီးကို အမိန့်တော်ရုပ်သိမ်းဖို့ ပြောပေးပါ .." သူမသည် အလွန်ဒေါသထွက်နေသော်လည်း ထိန်းချုပ်ထားရသည့်ပုံပင် ။ သူမရဲ့ ရင်နှစ်စုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး နူတ်ခမ်းကို ကိုက်ထားခဲ့လေသည် ။
' ဒီမှာ... ဒီမှာ .. ကွာရှင်းဖို့လာတာလား .. ဆွဲဆောင်ဖို့ လာတာလား ' ဟုပင် မေးလိုက်ချင်တော့သည် ။ သူ့နေရာမှာ အခြားသူသာဆိုပါက ကွာရှင်းဖို့ မပြောနဲ့ သူမကို ကုတင်ပေါ်ဆွဲတင်ပေလိမ့်မည် ။
မုန့်ယိရှင်း က ဘာမြှပန်လည်ဖြေကြားခြင်း မရှိသည့် အန်းဇယ်ရီ ကြောင့် လက်သီးဆုပ်လိုက်သည် ။ ခန္ဓာကိုယ်လေးသည် ‌ဒေါသကြောင့်တဆတ်ဆတ်တုန်ယင်နေကာ အန်းဇယ်ရီအား လက်နှစ်ဖက်ဖြင့် ထုရိုက်လိုက်သည်။
" နင် ငါ့ခန္ဓာကိုယ်ကို ရရင်တောင် ငါ့စိတ်ကိုတော့ နင်ဘယ်တော့မှ မရစေရဘူး .." အားနည်းလှသည့် ရိုက်ချက်များသည် ယောင်္ကျားလေးတစ်ယောက်အတွက် နာကျင်ဖို့နေနေသာသာ ကာမစိတ်ကို နိုးဆွနေသည့်အလားပင် ။ ခပ်သင်းသင်းရသည့် နှင်းဆီရနံ့က ပိုလို့ ဆွဲဆောင်မှု ရှိနေသလိုလို ။ စိတ်ဝိညာဉ်ကိုပင် ညို့ငင်နိုင်စွမ်း ရှိနေခဲ့သည် ။