Arc.5.7
3.8K 624 14
" သမီး.. ယိရှင်း.. စိတ်လိုက်မာန်ပါလုပ်လို့ မဖြစ်ဘူးလေ.. ဝမ်ရယ် ကို တောင်းပန်လိုက်ပါလား ... " မုန့်ရှီးက သူ့ရဲ့ ခေါင်းမာလှသည့် သမီးကြောင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ သူသည် အဆင့် ၂ အမတ်တစ်ယောက်ဖြစ်သော်လည်း မကြာသေးမီက နန်းတွင်း အာဏာထိန်းညှိရာတွင်မှ ရာထူးတိုးခံခဲ့ရခြင်း ဖြစ်သဖြင့် သူ့အာဏာသည် မခိုင်မြဲသေးပေ ။ သူရနိုင်သည့် သတင်းအချက်အလက်များကလဲ အကန့်အသတ်နဲ့ သာ ဖြစ်သည် ။ ချီဝမ်ရယ်သည် အများအမြင်တွင် စွန့်ပစ်ခံ မင်းသားတစ်‌ပါး သာ ဖြစ်သော်လည်း နန်းတွင်းထဲတွင် အချိန်ကြာမြင့်စွာ ခစားခဲ့ပြီးသော လူအိုကြီးများက ချီဝမ်ရယ် အား အလွန်သတိထားနေကြသည် ။ ထိုအချက်က သူ့အား စိတ်ရှုပ်ထွေးသွားစေခဲ့ခြင်းပင် ။
မုန့်ယိရှင်းသည်တော့ မုန့်ရှီးတွေးနေသည့်အရာများကို မသိပေ ။ သူမက အရှေ့မှာ ဖြန့်ထားသည့် အရောင်စုံလင်လှသည့်ပိုးထည်များကိုသာ မျက်လုံးတစ်လက်လက်ဖြင့် ကြည့်နေခဲ့သည် ။ သူမရဲ့ လက်ချောင်းလေးများက ပိုးထည်အား ပွတ်သပ်လိုက်ပြီး နှစ်လိုဖွယ်ပြုံးလိုက်သည်။  " သမီး.. ဒီ အထည်ကို ယူမယ် ..."
သူမက ဇာ‌ပေါ်တွင်ချယ်ရီပန်းပွင့်တချို့ထိုးထားသည့် အထည်အား ကောက်ယူလိုက်သည် ။ သူမရဲ့ ရဲတင်းသည့် လုပ်ရပ်အား မည်သူမှ အပြစ်မယူခဲ့ပေ ။ မုန့်ရှီးက ပြောလို့ မရမှန်းသိနေသဖြင့် ခေါင်းကိုအသာခါလိုက်ပြီ " ယိရှင်း... ဒီတစ်ခေါက်နွေဦးပွဲတော်မှာလဲ အရင်နှစ်တွေကလို စွမ်းဆောင်နိုင်ရမယ်နော် .."
" သိပါပြီ.. အဖေ.. " မုန့်ယိရှင်းက ရင်ကော့ကာပြောလိုက်သဖြင့် သူမရဲ့ ဖွံထွားသည့် ရင်နှစ်ဖွာက အနည်းငယ် လုပ်ခတ်သွားကာ ဆွဲဆောင်သည့်ေ‌ဟ်ာမုန်းများ ထုတ်လွတ်နေခဲ့သည်။ သူမသည် နွေဦးပွဲတော်တွင် ဝင်ပြိုင်သည့် နှစ်နှစ်လုံး ပထမဆုံးကိုသာ ရယူနိုင်ခဲ့သဖြင့် အလွန်ယုံကြည်မှုရှိနေလေသည် ။
မုန့်ယိရှင်း၏ မျက်ဝန်းအတွင်း အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူမရဲ့ နူတ်ခမ်းတောင့်စွန်းများ တွန့်ကွေးသွားခဲ့သည်။ အန်းဇယ်ရီအတွက် သူမ စိတ်မပူပေ ။ အချိန်တန်လျှင် ထိုသူက သူမရှေ့သို့ အလိုလိုရောက်လာပေလိမ့်မည်။ ထိုသူတင်မဟုတ် အာဏာရှိသည့် သခင်လေးများသည် သူမအရှေ့သို့ ‌ကိုယ်တိုင်ကိုယ်ကျရောက်လာပေလိမ့်မည် ။