Arc.5.20 End
4K 650 76
သည်အချိန်တွင် အန်းဇယ်ရီ၏ မျက်နှာအမှုအရာက အလွန်အေးစက်နေကာ အိမ်တော်သို့ အလျင်အမြန်ပြန်ရောက်လာသည် ။ အဓိက system က သူ့အား teleport ဖြင့် အဝေးကို ပို့လွှတ်ခဲ့ခြင်းအား သူက အမှန်တကယ် ဂရုမစိုက်ခဲ့ပေ ။ သူအား အဓိကပစ်မှတ်ထား တိုက်ခိုက်နေသရွေ့ အဓိကစနစ်၏ ထိန်းချုပ်မှုအောက် ရောက်နေတာတောင် သူက တန်ပြန်တိုက်ခိုက်နိုင်မည် နည်းလမ်းပေါင်း ထောင်သောင်းချီအောင် ရှိ‌သည် ။
ဝုန်း!!! ဘန်း!!
တံခါးသည် ပြင်းထန်စွာ ပွင့်ထွက်သွားသဖြင့် သစ်စများပင် ကျိုးကြေသွားလေသည် ။ အရှိန်ဖြင့် ဝင်လာသည့် အရိပ်တစ်ခုက မုန့်ယိရှင်းအား ကန်လွင့်လိုက်သဖြင့် အခန်းအပြင်ဘက်ထိအောင် လွင့်ထွက်သွားကာ ကျောက်စားပွဲနဲ့ ‌တိုက်မိပြီးမှ အရှိန်သတ်သွားခဲ့ပြီး ချက်ချင်းပင် သွေးတစ်ပွက် အန်လိုက်ရလေသည် ။
အန်းဇယ်ရီက စိုးရိမ်မှုကြောင့် ဖြစ်လာသည့် ဒေါသတို့အား ထိုကန်ချက်တွင် ထည့်လိုက်သဖြင့် မုန့်ယိရှင်းသည် အလွန်ကံကောင်း‌၍ အသက်မသေလျှင်တောင် သေသူနဲ့ ခြားနားမည် မဟုတ်ပေ ။ တစ်သက်လုံး အိပ်ရာထဲ လဲသွားရမည် ဖြစ်ကာ အရိုးများမှ တဆစ်ဆစ်နာကျင်မှုက သေချင်တယ် ဟု တောင်းဆိုရလောက်တဲ့အထိ နာကျင်ရမည် ဖြစ်သည် ။
သူက ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် လင်းယွီ့အား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည် ။
အခု သူ့တွင် အားနည်းချက် ရှိနေပြီ .. အဓိက စနစ်ကြောင့် သူ့တွင် ဒီလူအား ကာကွယ်ဖို့ အစွမ်း မလုံလောက်သေးပေ .
ပထမဆုံးအနေနဲ့ သူ့ချစ်သူသည် ပုံရိပ်ယောင် တစ်ခုဆိုသည့် ကိစ္စကို အလွန်အလေးအနက် ထားမိခဲ့ခြင်းပင် ..
လင်းယွီ့၏ အစွမ်းအစအပြင် သူထားခဲ့သည့် အစောင့်များ .. အားလုံးသည် အဓိက စနစ်၏ ထိန်းချုပ်‌မှုအောက်တွင် ဘာမှ အသုံးမဝင်ခဲ့ပေ .. လင်းယွီ့သာ ထိန်းချုပ်ခံရခြင်းမရှိပါက ဒီလိုဆေးခတ်တဲ့ ရိုးရှင်းသည့် ဇာတ်ကွက်မျိုးကြောင့် ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်မည် မဟုတ်ချေ ...
" ဝမ်ရယ်!!! " လင်းယွီ့သည် သူ့ဆန္ဒအား အလွန်ထိန်းချုပ်နေရသဖြင့် တိုးညင်းသည့် အသံကိုသာ ထုတ်ဖော်နိုင်လေသည် ။ အန်းဇယ်ရီက ခေါင်းတချက်ညိတ်လိုက်ပြီး ပွေ့ချီလိုက်ပြီး အခြားအခန်းထဲသို့ ဝင်သွားသည် ။ သူ့ဦးနှောက်ထဲတွင် အလင်းရဲ့ အလျင်နှုန်းဖြင့် တွက်ချက်နေခဲ့သည်...