Arc.6.4
3.5K 615 99
"" သေစမ်း!! သေစမ်း!!! ငါ ဒီအရှုပ်ထုတ်တွေနဲ့ မပတ်သက်ချင်ဘူး .. ငါ ကမ္ဘာအစစ်ကို ပြန်ပြီး .. အလှလေးကို အစစ်အမှန်ဖြစ်အောင် လုပ်မလို့ .. ""
ရှောင်ထျန်းက စိတ်ညစ်စွာ ငြီးငြူလာသည့် သူ့သခင်ဖြစ်သူကြောင့် ထိတ်လန့်သွားခဲ့သည် ။ အရင်ဘဝက အဖြစ်အပျက်ကြောင့် သူထင်ခဲ့သည်က သူ့သခင်သည် အရမ်းချစ်တတ်သွားသဖြင့် လူစိတ်ရှိလာပြီဟု ..။
အခု သူက သူ့သခင်ပြောခဲ့သည့် " မင်းရဲ့ ရွေးချယ်မှုက ကိုယ်ဖြစ်နိုင်မလား .. စမ်းသပ်ချင်တယ် .." ဆိုသည့် စကားကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည် ။ စမ်းသပ်ရုံတင်မလား ... လင်းယွီ့၏ ရွေးချယ်မှုက ဘာဖြစ်နေနေ နောက်ဆုံး သူ့သခင်၏ ရည်ရွယ်ချက်က မပြောင်းလဲပေ ။ သူက ထိုလူကို အရယူဖို့ ကြံစည်ထားပြီးဖြစ်သောကြောင့်ပင် ။
လင်းယွီ့က ကျန်နေခဲ့ဖို့ ရွေးချယ်ရင်တောင် သူ့သခင်က ပုံရိပ်ယောင်ကမ္ဘာထဲကပါ ဆွဲထုတ်ပြီး အပိုင်ယူလိမ့်မည် ကို တွေးမိလိုက်သဖြင့် ရှောင်ထျန်းက သူ့သခင်၏ လူမဆန်မှုကြီးဟု ပြောရမလား ချစ်တတ်မှုကြီးလို့ ဆိုရမလား .. မသေချာသည့်အရာအား လေးလေးနက်နက် အလေးပြုချင်မိသွားသည် ။
ရှောင်ထျန်း "..." သခင်ရေ .. လေးစားမှုက ခွေးစားသွားတာလား ... -_-
" ဒီ.. ဒီလူငယ်လေးက သခင်ကြီးစီရဲ့ဟာ.. အဲ သခင်ကြီးစီရဲ့ အသိလား .. တောင်းပန်ပါတယ်.. တောင်းပန်ပါတယ် .. သေချာမကြည့်မိတဲ့ ကျွန်တော့အမှားပါ .. ဖြန်း!! ‌ကျွန်တော်အမှားပါ ဖြန်း!! " ကျယ်လောင်သည့် ပါးရိုက်သံနဲ့အတူ တောင်းပန်သည့် အသံက စီရန်ယွီအား အတွေးထဲမှ ဆွဲခေါ်သွားလေသည် ။
စီရန်ယွီက စုတ်တစ်ချက်သပ်လိုက်သည် ။ ' ကျစ်!! ဂိုဏ်းစတားဖြစ်ရတာ တကယ်ကောင်းတယ်.. ပါးတောင် ကိုယ်တိုင်ရိုက်စရာ မလိုဘူး .. '
သည်အချိန်တွင် စီရန်ယွီ က ရုတ်တရက်လှုပ်ရှားသွားသည့် စိတ်စွမ်းအင်ကို အာရုံခံမိလိုက်သဖြင့် သူက လှည့်ကြည့်လိုက်သည် ။ စုယန်ချုးတို့ ဝင်ရောက်မှုကြောင့် အနည်းငယ် ဟနေသည့် တံခါးမှ ပုံရိပ်တစ်ခု ဖြတ်‌သွားသည်ကို မြင်လိုက်ရသည် ။