Arc.6.9
3.1K 520 23
စုယန်ချုးသည် ညနေထိတိုင်း ငိုကြွေးနေခဲ့ပြီး ညနေချိန်သို့ ရောက်မှသာ စီရန်ယွီ အတွက် ချက်ပြုတ်ပေးရန် ထွက်လာလေသည် ။ ထိုမြင်ကွင်းအား ဖော်ပြရလျှင် အမျိုးသားကြောင့် စိတ်အားငယ်နေသည့် ဇနီးငယ်လေးက အမျိုးသားအား အပြစ်မယူဘဲ သူ့ယောက်ျား အတွက်သာ တွေးပေးသည့် ဇနီးမယားကောင်းတစ်ယောက်၏ ပုံစံအပြည့်အဝပင် ..။
သဘာဝကျစွာပင် .. စီရန်ယွီက တစ်ချက်တောင် မကြည့်တော့ဘဲ ထွက်သွားလေသည်..
သူ့ပုံစံက အစေခံများအမြင်တွင် ဖောက်ပြန်နေသည့် ယောက်ျား တစ်ယောက်အသွင်ဖြစ်ပေါ်နေသည် .. ။
' ဟမ့်.. ဘယ်သူက မင်းတို့အမြင်ကို ဂရုစိုက်နေလို့လဲ ..'
**
ညအချိန်တွင် ရွမ်းရီ က အနက်ရောင်ဝတ်စုံ အပြည့်ဝတ်ဆင်ထားပြီး အလျင်စလို လမ်းလျှောက်နေသည် ။ ' တောက်!!သူ့သားကောင်က တကယ်ကြီး ရဲတွေချထားတဲ့ ငါးစာဖြစ်နေတယ်.. ‌'
အနောက်ဘက်တွင် ရဲကားသံများ တစ်ဝီဝီဖြင့် ဆူညံနေကာသူ့ဘက်သို့ ပြေးလာသည့် ခြေလှမ်းများကလည်း တဖြည်းဖြည်း နီးကပ်လာလေသည် ။ သူ့ခြေလှမ်းက မြန်ဆန်လာခဲ့သည် ။
" ဟေ့... ရပ်စမ်း!! ငါတို့နဲ့ စခန်းကို ခနလိုက်ခဲ့ .. " လုယွမ်က ဒီအနက်ရောင်ဝတ်စုံနဲ့ လူအား မသင်္ကာသဖြင့် သေနတ်ထုတ်လိုက်ကာ ‌ချိန်ရွယ်ရင်း အော်‌လိုက်သည် ။
ထိုအချိန်တွင် ပျင်းတိပျင်းရွဲ့အသံက လမ်းကြားလေးထဲမှ ထွက်လာလေသည် ။ ထိုသူက လုယွမ်တို့အား ဂရုမစိုက်ဘဲ အနက်ရောင်ဝတ်လူထံသို့သာ လျှောက်လာနေသည် ။
" ကိုယ့်အချစ်လေး .. ရောက်လာပြီဘဲ .. ကိုယ်တို့ အချစ်အကြောင်း ဆွေးနွေးတော့မလား .." ပါးစပ်ထဲတွင် ချိုချဉ်တစ်ချောင်း ငုံထားရင်း ခေါင်းအသာငဲ့စောင်းကာ ဆွဲဆောင်မှုရှိစွာ ပြောလာပုံက မှင်သက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေသည် ။ သေချာစွာ ဖီးလိမ်းထားခြင်း မရှိသည့် ဆံနွယ်များက ဖရိုဖရဲ ဖြစ်နေကာ အေးစက်ကာ သီးသန့်ဆန်နေသလို ကော့တက်ရုံပြုံးနေသည့် နူတ်ခမ်းများက တချိန်တည်းမှာ ချစ်စရာကောင်းပြီး ငယ်ရွယ်သည့် အ‌ငွေ့အသက်ကိုပါ ပေးနေသည် ။