Arc.6.10
3.2K 547 52
စီရန်ယွီ အိမ်ပြန်ရောက်လာချိန်တွင် သူ့ မျက်နှာမဲမှောင်နေသည် ။ ဒီလောက်နောက်ကျနေပြီကို အလှ‌လေးက ငါ့ကို စိတ်ချလက်ချ ပြန်လွှတ်ရက်တယ်.. အားး နှလုံးသားလေး နာကျင်သွားပြီ ..
" ရန်ယွီ !!! " ရုတ်တရက် ခေါ်သံနဲ့အတူ ဘယ်ကပေါ်လာမှန်းမသိသည့် စုယန်ချုး၏ ဖက်တွယ်ခြင်းအား အခန်းထဲသို့ ဝင်ဝင်ချင်း ခံလိုက်ရလေသည် ။ စီရန်ယွီ တွန်းဖယ်ရန် ကြိုးပမ်းလိုက်သော်လည်း ထိုအကောင်က သူ့အား ချက်ချင်းမိုးပေါ် ပျံတက်တော့မဲ့ ဟာလို အတင်းဖက်တွယ်ထားလေသည် ။
စီရန်ယွီ စိတ်ရှုပ်စွာ ဆံပင်ကို ဖွလိုက်သည် ။ ဒီကောင်က ဘာဖြစ်ချင်နေပြန်တာတုန်း !!! ပြီးတော့ ငါ့အခန်းသော့ကို ဘယ်ကောင် ပေးလိုက်တာလဲ ..
" စုယန်ချုး !! ဖယ်စမ်း !!! "
" ဟင်အင့်.. ရန်ယွီ .. ကျွန်တော် ခများကို ချစ်တယ်လို့ .. ကျွန်တော် ဘယ်မှ မသွားဘူး .. " မော့ကြည့်လာသည့် စုယန်ချုး၏ မျက်ဝန်းများက နီရဲနေခဲ့သည် ။ ရီဝေနေသည့် မျက်ဝန်းများက ရစ်မှုးနေသည့် ပုံပင် ။ ဝိုင်နံ့တွေ မွန်ထူနေတာဘဲ ..
စီရန်ယွီ က နှာခေါင်းရှုံနေစဉ် ထပ်မံ ဆွဲခံလိုက်ရသည် ။ သူက တွန်းဖယ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် အားအင်ကုန်ခမ်း နေကြောင်း သိလိုက်သည် ။ သူ့ မျက်ဝန်းများက အေးစက်သွားသည် ။ ရှောင်ထျန်းက သက်ရောက်မှု တော်တော်များများကို ခုခံထားတာတောင် တစ်ဘဝတွင် တစ်ကြိမ်တော့ အဓိကစနစ်က သူ့အား တိုက်ခိုက်နိုင်သေးသည် ။အရင်ဘဝတုန်းက Teleport အခုကျတော့ အားနည်းအောင် လုပ်ပြန်တာလား .. တောက်!!!
မူးနေသည့် စုယန်ချုးက သူ့အား ကုတင်ပေါ်သို့ တွန်းချလိုက်သည် ။ " စီသခင်လေး .. ကျွန်တော် သခင်လေးကို ပေးမယ် "  ဆွဲဆောင်မှု အပြည့်ဖြင့် အသံစာစာလေးက အခန်းထဲတွင် ထွက်ပေါ်လာသည် ။ ထပ်ကြပ်မခွာပင် အေးစက်စက်အသံက ထွက်ပေါ်လာသည် ။
" မလိုချင်ဘူး !!! " စီရန်ယွီ က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည် ။ သူက ဝိုင်ကြောင့် အရှိန်တက်နေသည့် စုယန်ချုးအား ကြည့်ရင်း မျက်လုံးကို မှေးကျဉ်းလိုက်သည် ။