Arc.6.16
3K 498 23
စီရန်ယွီက တစ်ချက်သာ ကြည့်ပြီး အတွေးနက်သွားသဖြင့် အချိနိအတန်ကြာ ငေးမောနေသည့် ပုံပေါက်သွားလေသည်။ ဖန်းယိဟောက်သည် ဒုတိယမျိုးဆက်သခင်လေးများတွင် ထိပ်ဆုံးသုံးယောက်တွင် ပါဝင်သည့် လူတစ်ယောက်ဖြစ်ကာ လူကြိုက်များလေသည် ။ ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးရှိသည့်အချက်ကို ထည့်မစဉ်းစားလျှင်ပင် သူ့ထက် အနည်းငယ်သာ နိမ့်ကျသည့် ရုပ်ရည်က ယောက်ျားလေး မိန်းကလေး များကို ဆွဲဆောင်‌နိုင်လေသည် ။
စီရန်ယွီ၏ အကြည့်များ ထူးဆန်းသွားရခြင်းမှာ ဒီလူသည် အရင်က မူလကိုယ်၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့ဖူးခြင်း ။ ပိုင်ဆိုင်မှုဟု ဆိုရခြင်းမှာ တဖက်လူက အလိုမတူဘဲ အတူနေခဲ့ခြင်းကြောင့်ပင် ။ သူ့အဖြစ်က စုယန်ချုးနဲ့ အနည်းငယ် ဆင်တူလေသည် ။ သို့သော် ဖန်းမိသားစုသည် အတန်အသင့်အထက်တန်းကျသည့်မိသားစု တစ်ခုဖြစ်သဖြင့် စုယန်ချုးလို ပိုက်ဆံပေါက်ကာ ရယူနိုင်ခြင်းတော့ မရှိပေ ။
‌ဖန်းယိဟောက်ကို ပြန်ပေးဆွဲခဲ့ခြင်းက မိသားစု နှစ်ခုကြား ပြဿာနာအကြီးအကျယ်တက်သွားစေသေးသည် ။ သို့တိုင် စီမိသားစု ကို မယှဉ်နိုင်ခဲ့ဘဲ ဖျက်ဆီးခံရမလို ဖြစ်သွားခဲ့သေးသည် ။ ဖန်းယိဟောက်ကို ပြန်လွှတ်ပေးခဲ့သည်ကပင် ကံကောင်းနေပြီ ဖြစ်သည် ။
ပုံမှန်ဆို စီရန်ယွီက ဒီလောက် ခံရခက်မနေပေ ။ အရင်ဘဝများတွင်လည်း မူလကိုယ် နဲ့ အတူနေဖူးသည့် သူများ ရှိခဲ့သည်မလား ။ ‌အနီးစပ်ဆုံး အန်းဇယ်ရီသည် မုန့်ယိရှင်းနဲ့ လင်မယားဖြစ်ကာ သူတို့ အတူနေသည်က မထူးဆန်းပေ ။ လက်ရှိအခြေအနေက သူက မုဒိမ်းကောင်၏ ခန္ဓာကိုယ်ထဲ ဝင်လာရသလို ခံစားလိုက်ရခြင်းပင် .. ဒီဖေ...
စီရန်ယွီ ဆဲရေးချင်နေသည့် စိတ်ကို အရှိန်သတ်လိုက်ရသည်။ သူ့ကိုယ်သူ ကျိန်ဆဲရခြင်းက ခံစားလို့တော့ ကောင်းမည် မဟုတ်ပေ ..
" စာရွက်စာတမ်းတွေနဲ့ လဲလှယ်ဖို့ မင်းက ဘာလိုချင်လိုချင် ဖန်းမိသားစုက ပေးဖို့ ဆန္ဒရှိတယ် .. " ဖန်းယိဟောက်က ဆန္ဒမရှိဘဲ မကျေမနပ်ဖြစ်နေသည့် အသံဖြင့် အေးစက်စွာပြောလိုက်သည် ။